Baby Tomboy
Ep. 28
ကားပေါ်ရောက်တာနဲ့ သူစားစရာရှိတဲ့ ရေခဲမုန့်ကိုသာ စားနေပြီး crown ကို တစ်ချက်မှ အဖက်မလုပ်တဲ့ ပေါက်စလေး..
ကိုယ့်မှာသာ မနေနိုင်မထိုင်နိုင်ဖြစ်ရပြီး ကိုယ့်ဘက်ကပဲ စချော့ရမှာလိုလို ဆက်ပြီးတော့ပဲ စိတ်ကောက်ဟန်ဆောင်ရမလိုလို နဲ့ တစ်လမ်းလုံး အတွေးများလာတာ ပေါက်စအိမ်ရှေ့ရောက်တဲ့အထိရယ်ပါ..ကားစက်သပ်ပြီးတာနဲ့ ပေါက်စဘက်ကို လှည့်ကာ စကားပြောဖို့အလုပ် crown မထင်ထားတဲ့အဖြစ်အပျက်တစ်ခုဟာ လျင်မြန်စွာ ဖြစ်လို့သွားလေသည်။ အဲ့တာကတော့ ပေါက်စက သ့ူခုံကနေထပြီး crown ရဲ့ နှုတ်ခမ်းတွေကို ထိတွေ့လိုက်ခြင်းပါ..
ထိကပ်ရုံထိကပ်ထားပေမယ့် နှစ်ယောက်လုံးရဲ့ ရင်ခုန်သံတွေဟာ
ကျယ်လောက်စွာနဲ့ စည်းချက်ညီညီ ထွက်ပေါ်လို့နေလေသည်။
ပေါက်စဘက်က နှုတ်ခမ်းတွေကို ခွာမလို့လုပ်ပေမယ့် ပေါက်စရဲ့ ခါးကို လှမ်းဖက်လိုက်ပြီး crown ရဲ့ ပေါင်ပေါ်ကို ဆွဲချလိုက်ကာ
ပေါင်ပေါ်ထိုင်စေလိုက်သည်။ရုတ်တရက်ကြီး crown ပေါင်ပေါ်ကို ရောက်သွားတဲ့ ပေါက်စဟာ ကြောင်တောင်တောင် နဲ့ crown ကို ကြည့်နေခိုက် ထိုအခွင့်အရေးကို အခွင့်ကောင်းယူကာ ပေါက်စရဲ့ ခေါင်းကို လှမ်းကိုင်လိုက်ပြီး ခုနဏ မပြီးပြတ်လိုက်တဲ့ အနမ်းတွေကို ပြန်လည်ပုံဖော်လိုက်တော့လေသည်။
နှစ်ယောက်သား အပေးအယူမျှတစွာနဲ့ အချိန်အတော်ကြာ နမ်းရှိုက်ပြီးတဲ့နောက် မောင့်ဘက်ကစတင်ပြီး အနမ်းတွေကို ရုတ်သိမ်းလိုက်လေသည်။
"ကြည့်အုန်း ဘယ်လိုတွေတောင်နမ်းလိုက်တာလဲ နှုတ်ခမ်းတောင်ပေါက်သွားပြီ "
နမ်းနေတုနိးက အရှိန်ပါပြီး ပေါက်စရဲ့ နှုတ်ခမ်းကို ကိုက်မိသွားတာကြောင့် အနည်းငယ်ပေါက်သွားတဲ့ ေအာက်နှုတ်ခမ်းလေးကို ပြကာ crown ကို ဆူပုတ်ပုတ်နဲ့ ပြောနေတဲ့ ချစ်ရသူလေး..
"ဘယ်လိုလုပ်မလဲ နမ်းရတာမဝသေးဘူး ထပ်နမ်းချင်သေးတယ် "
ပေါက်စရဲ့ နှုတ်ခမ်းလေးကို လက်ညိုးလေးနဲ့ ပွတ်ဆွဲကာ ပြောလိုက်တဲ့ crown ကို သူ့ရဲ့ မူပိုင်အကျင့်ဖြစ်တဲ့ မျက်စောင်းလေးနဲ့
ထိုးနေပုံက ချစ်စရာအတိ..
ESTÁS LEYENDO
♥Baby tomboy ♥ Uni+Zaw
Romanceကလေးဆန်တဲ့ tomboy လေးနဲ့ ကျောင်းရဲ့ popular အဖြစ်ဆုံး tachi မမတို့ရဲ့ဇာတ်လမ်းလေး