Baby tomboy
Ep. 1
J & T ဆိုတဲ့ အဂ်လိပ်စာလုံးတွေကို ရွှေရောင် ဖြင့် ထွင်းထားပြီး
ဖောင်းကြွပုံစံပြုလုပခ်ထားတဲ့ ဆိုင်းပုဒ်ကြီးရှေ့တွင် ခွန်းဆက်မောင်မောင်တစ်ယောက် ပါးစပ် တောင် မပိတ်နိုင်ဘဲ အံ့သြောနေရလေသည်။ ဘာကြောင့်လည်းဆိုတော့ J & T ဆိုတာ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် ဆယ်ခုထဲက တစ်ခု.. အစိုးရပိုင်မဟုတ်ဘဲ ပုဂ္ဂလိဂ တက္ကသိုလ်ဖြစ်တာကြောင့် ကျောင်းဝင်ကြေးသွင်းရသော တက္ကသိုလ်လည်း ဖြစ်လေသည်။ဒီတက္ကသိုလ်မှာ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးတွေရဲ့ သားသမီးတွေ အာဏာရှိတဲ့ အသိုင်းအဝိုင်းက လူတွေ ပဲ တက်ရသော တက္ကသိုလ်ဆိုလည်း မမှား..ဆင်းရဲသားဆိုတာ ကျောင်းမှာမရှိသလို တော်ယုံတန်ယုံ ချမ်းသာသောသူတွေတောင် ဒီကျောင်းနားမကပ်နိုင်..အဓိက အချက်က ကျောင်းဝင်ကြေး မြင့်မားခြင်းကြောင့်ဖြစ်သည်။
ကျောင်းဝင်ကြေးမှာ တစ်နှစ်လျှင် ဒေါ်လာ ၁ သန်း (မြန်မာငွေ သိန်းနှစ်သောင်းကျော် )သွင်းရသောကြောင့် ဖြစ်လေသည်။ ဒါတောင် ကျောင်းအတွင်းလုပ်တဲ့ ပွဲတွေ department တွေ အတွက် သွင်းရတဲ့ငွေတွေမပါသေး...အားလုံးသာပေါင်းလိုက်မယ်ဆိုရင်
ဒီကျောင်းမှာ တက်တဲ့ ကျောင်းသားတစ်ယောက်သည် တစ်နှစ်လျှင်
ပျမ်းမျှ ဒေါ်သာ သုံးသန်း ဝန်းကျင်ခန့် ရှိတာကြောင့် တော်ယုံတန်ယုံလူဆို ကျောင်းနားကပ်ရဲမှာတောင်မဟူတ်..ဒါပေမယ့် ပိုက်ဆံတန်ကြေးမြင့်မားသလို ပညာရေး ကလည်း မြင့်မားသည်။ ဒီတက္ကသိုလ်က ဘွဲ့ရတာနှင့် ဘယ်ကုမ္မဏီ မှာမဆို ကိုယ်ရတဲ့ ဘွဲ့နှင့် ကိုက်ညီသော အလုပ်ဌာနခွင်မှာ ဝင် နိုင် တာ ဖြစ်တာလည်း ပါသည်။ ဒါပေမယ့် လူချမ်းသာတွေက ထိုဘွဲ့ကို လိုချင်လို့ ဒီတက္ကသိုလ်လာတက်တာမဟုတ်..ဒီတက္ကသိုလ်မှာ တက်လျှင်
သူတို့အသိုင်းအဝိုင်းတွေကြားမှာ ဂုဏ်ရှိတယ်လို့ ယူဆတာရယ်..
နောက်တစ်ခုက ကျောင်းအတွင်း ဂုဏ်တွေ ငွေတွေ အာဏာတွေ
အချင်းချင်း အားပြိုင်ကြတာက ဒီကျောင်းမှာ တက်တဲ့ကျောင်းသားတွေ အကုန်လုံးပင်..အခု ဘယ် brand က ဘာထုတ်လိုက်လည်း ထုတ်လိုက်တာနဲ့ တစ်ပြိုင်နဲ့ အပြိုင်အဆိုင် ဝယ်ကြသည်။ လူတစ်ယောက် ကျောင်းထဲရောက်လာပြီဆိုတာနဲ့ ထိုလူရဲ့ အဝတ်အစား မိသားစုအသိုင်းအဝိုင်း အဲ့တာတွေကို အရင်ကြည့်ကြတာက ဒီကကျောင်းသားတွေရဲ့ ထုံးစံပင်..
ESTÁS LEYENDO
♥Baby tomboy ♥ Uni+Zaw
Romanceကလေးဆန်တဲ့ tomboy လေးနဲ့ ကျောင်းရဲ့ popular အဖြစ်ဆုံး tachi မမတို့ရဲ့ဇာတ်လမ်းလေး