[ Villain of the Story - 3 ]
Zawgyi
ဝမ်ရိပေါ်က ကားမောင်းနေရင်း မှန်ကနေတစ်ဆင့် နောက်ကလူကို တစ်ချက်တစ်ချက် လှမ်းကြည့်မိတယ်။ဒီလူရဲ့ ပုံသဏ္ဌာန်ကို အတိအကျမသိပေမယ့် တော်တော်ကြီးကို ရင်းနှီးနေတာ။
သူ တဖြည်းဖြည်းပေါက်လာခဲ့တယ်။
သူဟာ တကယ်ပဲ ဝတ္ထုထဲကို ရောက်လာခဲ့တာလား။သူဖတ်ခဲ့တဲ့ဝတ္ထုထဲမှာလည်း ရှောင်းကျန့်ဆိုသောလူနဲ့သူနှင့်နာမည်တူ ဝမ်ရိပေါ်ဆိုသည်တို့မှာ ဆရာတပည့်။အခုလောလောလတ်လတ် သူ အဆက်ဆံခံနေသည့်ပုံစံမှာလည်း ထိုအတိုင်းပင်ဖြစ်သည်။
"ခင်ဗျားနာမည်က ရှောင်းကျန့်လား?"
ရှောင်းကျန့်က အရှေ့ခန်းက ကောင်လေးကို မျက်စံလှန်ကြည့်လိုက်တယ်။သူ့ လက်ထောက်က ဒီနေ့မှ ဂေါက်ကြောင်နေသလား မပြောတတ်။တစ်မနက်လုံး သူ့ ကို မလေးမစား လုပ်နေသည့်အပြင် အခု သူ့ နာမည်ကိုပါ ချက်ချင်းထမေးလာပြန်ပြီ။
သူ ဘယ်လိုလုပ်လိုက်သင့်ပြီလဲ။
ဒီနားမှာတင် အောက်ကို ကန်ချခဲ့ရင် ကောင်းမလား ပြောကြည့်။"မင်း ငါ့နာမည်ကို မသိဘူးပေါ့ ဟုတ်လား"
ထိုငနဲကောင်က မှန်ကနေတစ်ဆင့် သူ့ ကို မျက်နှာငယ်လေးဖြင့် ခေါင်းငြိမ့်ပြလေတယ်။ဒီဝမ်ရိပေါ်က အတိတ်များမေ့နေသလားပဲ။
"ဒါဆိုလည်း မြဲမြဲမှတ်ထား!
မင်းအဖေ ငါ့နာမည်က ရှောင်းကျန့်""ဟားဟား…သိသားပဲ။
ခင်ဗျားက သောက်ရမ်းကို ရယ်ရတယ်!"ရှောင်းကျန့်မျက်နှာတွေနီလာပြီး လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ဝမ်ရိပေါ် မင်း သိပ်များနေပြီ။
*******
မနက်ခင်းအရေးကြီးအစည်းအဝေးပြီးသွားပြီဖြစ်တဲ့အတွက်
Sean က ထိုင်ခုံကို လျှောထိုင်လိုက်ပြီး နက်ကတိုင်ကို အောက်သို့ အနည်းငယ် ဆွဲချလိုက်သည်။"ဟူး…"
မျက်လုံးထဲ အမှတ်မထင်ဝင်လာတာက ဟိုလက်ထောက်ဟာလေး။
တစ်စုံတစ်ခုကို အာရုံစိုက်နေပုံရပြီး ပါးနှစ်ဖက်ကလည်း ဖောင်းကားနေသေးသည်။ရှောင်းကျန့်အလိုလိုနေရင်းပင် သွားတွေ တကျိကျိဖြစ်လို့လာသည်။
YOU ARE READING
Villain of the Story [ Completed ]
FanfictionFor @Lene-not-linn One of the Donation Projects!