[ 4 ]

4.3K 483 1
                                    

[ Villain of the Story - 4 ]

Zawgyi

ဝမ်ရိပေါ်က သူ့ အမှားသူသိတာကြောင့် ခေါင်းလေးငုံ့ကာနဲ့ပင် အပြန်လမ်းမှာ တိတ်တဆိတ်ဖြစ်လို့နေသည်။ဒါကို ရှောင်းကျန့်မြင်တော့လည်း သိပ်တော့ စိတ်မကောင်း။သူကလည်း
ဒါလေးမှားတာကို ကလေးတစ်ယောက်ကို စိတ်ဆိုးနေတာလည်း ရှောင်းကျန့်လည်း သူ့ ကိုယ်သူမသိ။ဒီကောင်လေးအပေါ်
သူဌေးဖြစ်ပြီး ဆိုးချင်နေတာ သူ မပီသလိုက်တာ!

"ဝမ်ရိပေါ်!"

"ခင်ဗျာ"

ဝမ်ရိပေါ်က ကားရပ်ကာ သူ့ သူဌေးဖြစ်သူကို လှည့်ကြည့်လာသည်။ရှောင်းကျန့်က တည့်တည့်ပြန်မကြည့်ဘဲ အကြည့်လွှဲလိုက်သည်။

"နောက်တစ်ခါ အဲ့လိုဖြစ်နေရင် မင်း ငါ့ဆီက ထွက်ရမယ်။
ဒီတစ်ခါတော့ ပထမဆုံးအကြိမ်အဖြစ် ခွင့်လွှတ်ပေးလိုက်မယ်!"

ဝမ်ရိပေါ်က ပါးတွေမို့တက်လာတဲ့အထိ ပြုံးပြီး ရှောင်းကျန့်အား ခေါင်းတဆက်ဆက်ငြိမ့်ပြလာလေသည်။ထိုပုံစံကို ရှောင်းကျန့်ရယ်ချင်နေပေမယ့် စိတ်ထဲမှာသာ ကြိတ်ရယ်လိုက်လေသည်။ချစ်ဖို့တော့ ကောင်းနေသလိုပဲ…အဟမ်း။

"ကျေးဇူးတင်ပါတယ် သူဌေး။
နောက်တစ်ခါ လုံးဝမဖြစ်စေရဘူးနော်။ကျွန်တော် ကတိပေးပါတယ်!"

"ဟုတ်ပြီ။မင်းကတိ မင်းတည်!"

"ဟုတ် စိတ်ချပါ ခင်ဗျ"

ဝမ်ရိပေါ်ကလည်း နှစ်နှစ်ခြိုက်ခြိုက်ပြုံးနေသလို ရှောင်းကျန့်သည်လည်း ဘာရယ်မဟုတ် ပြုံးယောင်သန်းနေကာ ကားအပြင်ဘက်က ရှုခင်းတွေကို လိုက်ကြည့်နေလိုက်သည်။

ဒီကောင်လေးနဲ့ အရင်ကထက်တောင် ရင်းနှီးသလို ရှိလာပြီး
ထူးဆန်းသော ခံစားချက်အချို့ သည်လည်း သတိမမူစွာဘဲ ဖြစ်တည်လို့လာနေလေသည်။

********

"မနက်ကျရင် ဒီနေ့မှခန့်ထားတဲ့ မန်နေဂျာ လာမယ်။
သူက တစ်နည်းအားဖြင့် မင်းရဲ့လက်ထောက်ပဲ။မင်းမနိုင်တဲ့ အလုပ်တွေကိုလည်း သူ ကူလုပ်ပေးလိမ့်မယ်။ဒါ့ကြောင့် သူနားမလည်တဲ့ ကိစ္စတွေမေးလာခဲ့ရင် မင်း ကောင်းကောင်းဖြေပေးလိုက်နော် ဝမ်ရိပေါ်!"

Villain of the Story [ Completed ]Where stories live. Discover now