[ 9 ]

3.3K 378 5
                                    

[ Villain of the Story - 9 ]

Zawgyi

"ဝမ်…အု…လွှတ်…အွန့်…ဖယ်!!"

ဝမ်ရိပေါ်က ရှောင်းကျန့်ကို ရုန်းမထွက်နိုင်အောင် ချုပ်ထားပြီး အသဲအသန် နမ်းရှိုက်နေလေသည်။ရှောင်းကျန့်ခါးကို ဖျစ်ညှစ်ကိုင်ထားပြီး လက်တစ်ဖက်ကလည်း ရှောင်းကျန့်လည်တိုင်ကို ကိုင်ကာ အတင်းပင် နမ်းနေလေသည်။

ရှောင်းကျန့် အသက်ရှူမဝဖြစ်လာတာကြောင့် ဝမ်ရိပေါ်အား တွန်းသည်။ဒါပေမယ့် နည်းနည်းလေးတောင် ရွေ့ မသွားခဲ့ပါ။
ဒီတစ်ခါမှာတော့ ရှောင်းကျန့်က ဝမ်ရိပေါ် ခြေထောက်အား တက်နင်းပစ်လိုက်သည်။

"အာ့…ရှောင်း!"

"မင်း ဘာလို့ အတင်းလာနမ်းနေတာလဲ!"

"သူခိုးလေးကို ချစ်လို့လေဗျာ"

"ဘယ်သူက သူခိုးလဲ"

"ရှောင်းကျန့်ဆိုတဲ့ အကိုကြီးပေါ့"

"ငါက ဘာခိုးလို့လဲ"

နှုတ်ခမ်းလေးက ဝမ်ရိပေါ် လက်ချက်ကြောင့် နီရဲပြီး စိုရွှဲနေလေသည်။ဝမ်ရိပေါ် ထိုအရာလေးကို ထပ်မံစိုက်ကြည့်လိုက်ပြီး
တံတွေးအနည်းငယ်မျိုချလိုက်သည်။

"ခိုးတော့ မခိုးပေမယ့် သူများအခန်းနားကို လာပြီး ကျွန်တော်ပြောနေတာတွေကို ခိုးနားထောင်နေတာတော့ မှန်တယ်မလား"

ရှောင်းကျန့်က သူခိုးလူမိသွားသလို ရုပ်လေးဖြစ်သွားကာ ခေါင်းကို အတင်းငုံ့လေသည်။

"စီးကရက်နံ့စွဲနေတဲ့ နှုတ်ခမ်းလေးကို ကျွန်တော် စွဲလမ်းနေပြီ ထင်တယ်ဗျ"

"အဲ့တာ ငါနဲ့ ဘာဆိုင်လဲ"

"ဒါ့ကြောင့် ကျွန်တော့်ကို ပြန်ချစ်ပေးပါ"

"နည်းနည်းလေးတောင် မဆိုင်ဘူး ထင်တာပဲ!"

"လုပ်ပါဗျာ။
ရှောင်းမှ ပြန်မချစ်ရင် ကျွန်တော် ဘာဖြစ်မလဲ မသိဘူးဗျ"

ရှောင်းကျန့်က ခေါင်းတခါခါပြုရင်း အခန်းအပြင်ဘက်သို့ ပြန်ထွက်ဖို့ ပြင်တယ်။ဒါ့ပေမယ့် ဝမ်ရိပေါ်က ခွင့်မပြုဘူး။

ရှောင်းကျန့်အား နောက်မှ ကောက်ပွေ့ လိုက်သည်။

"ဝမ်ရိပေါ်…ငါ့ကို…ချပေးစမ်း"

Villain of the Story [ Completed ]Where stories live. Discover now