Villain of the Story - 10
Zawgyi
သူ ဒီဝတ္ထုထဲ ဝင်လာတာ ဇတ်ကွက်တွေ ပြောင်းလဲသွားပြီလို့
ထင်လိုက်ပေမယ့်လည်း တကယ်တမ်း လက်တွေ့ မှာတော့
ရှောင်းကျန့်က သူ့ ကိုမချစ်ဘူးဆိုသည့် ဝေါဟာရသည်လည်း
ဝတ္ထုထဲမှာရော…အပြင်မှာရော မပြောင်းမလဲ ရှိနေတုန်းပင် ဖြစ်သည်။ရှောင်းကျန့်ကို အားပြင်းပြင်းနဲ့ တွန်းချလိုက်တာကြောင့် ကိုယ်လုံးသေးသေးလေးဟာလည်း မွေ့ ယာထဲသို့ နစ်ဝင်သွားမတက် မြုပ်သွားလေသည်။
"ရိပေါ်…ဘာလုပ်တာလဲ"
ဝမ်ရိပေါ်က ရှောင်းကျန့်အား တစ်ခွန်းတစ်လေမျှ ပြန်မပြောဘဲ ရှောင်းကျန့်ကိုသာ အပေါ်ကနေ အတင်းဖိချလေသည်။
"ငါ မေးနေတယ် ရိပေါ်!"
"……"
"ရိပေါ်လို့!!"
ဝမ်ရိပေါ်က ရှောင်းကျန့်လက်နှစ်ဖက်ကို ရှောင်းကျန့်ခေါင်းရင်း၌ စုကိုင်လိုက်ပြီး မျက်နှာအနီးသို့ တိုးကပ်လာလေသည်။
"ရိ…အွန့်!"
ဝမ်ရိပေါ်က လည်တယ်။
တစ်ခါတည်းကိုပင် ရှောင်းကျန့်၏ အနည်းငယ်ဟထားသော ပါးစပ်အတွင်းသို့ပင် လျှာထည့်ကာ မွှေနှောက်တော့သည်။ရှောင်းကျန့်က ရုန်းသည်။
ဒါပေမယ့် ဝမ်ရိပေါ်က လက်တစ်ဖက်နဲ့တင် သူ့ လက်တွေအား ချုပ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်နှင့် မေးစေ့ကို ဖျစ်ကာ ရှောင်းကျန့်နှုတ်ခမ်းတစ်ခုလုံးကို ဝါးမျိုတော့မတက် နမ်းရှိုက်နေလေသည်။အချိန်အနည်းငယ်ကြာလာတော့ ရှောင်းကျန့်ရုန်းကန်မှုလည်း ငြိမ်သွားကာ ဝမ်ရိပေါ်အနမ်းတွေအား မသိမသာပင် တုန့်ပြန်ပေးလာသည်။
ဝမ်ရိပေါ်က နမ်းနေရင်းမှ ပြုံးလိုက်တော့ ရှောင်းကျန့်က မျက်လုံးဖွင့်ကြည့်လာသည်။အရှေ့၌ မြင်နေသော မျက်တောင်စင်းစင်းလေးများက ရှောင်းကျန့်စိတ်တွေအား ဆွဲဆောင်နိုင်မှုတွေထဲမှ တစ်ခုဖြစ်လေသည်။
ဝမ်ရိပေါ်က ရှောင်းကျန့်၏ အောက်နှုတ်ခမ်းကို ခပ်ဆက်ဆက်လေး ကိုက်ချပြီး အနမ်းကို အဆုံးသတ်လေသည်။
![](https://img.wattpad.com/cover/286094868-288-k382959.jpg)
YOU ARE READING
Villain of the Story [ Completed ]
FanfictionFor @Lene-not-linn One of the Donation Projects!