[ 13 ]

3.4K 374 1
                                    

[ Villain of the Story - 13 ]

Zawgyi

ဝမ်ရိပေါ်က ခပ်တည်တည်ပင် ရှောင်းကျန့်လက်အား ဆွဲပြီး ဇတ်လိုက်မကို အကြည့်စူးစူးတစ်ချက် ပေးလိုက်ပြီး လှည့် ထွက်လာခဲ့သည်။

ရှောင်းကျန့်က ဝမ်ရိပေါ် ဆုပ်ကိုင်ထားသော လက်ကို ငုံ့ကြည့်လိုက် သဝန်တိုမှုတွေ ပြည့်နေသည့် မျက်နှာလေးကို ကြည့်ကာ ပြုံးစိစိ ဖြစ်နေသည်။

ဝမ်ရိပေါ်က ပြုံးစိစိဖြစ်နေသည့် ရှောင်းကျန့်အား လှည့်ကြည့်လာသည်။

"မောင့်ရှောင်းကရော ဘာလို့ ပြုံးနေတာလဲ"

"အဟီး!"

ရှောင်းကျန့် မထိန်းနိုင်တော့ဘဲ အသံထွက်ကာ ရယ်မိသွားလေသည်။မကျေမနပ်ဖြစ်သွားသည့် ဝမ်ရိပေါ်က ရှောင်းကျန့်အား ချောင်တစ်နေရာသို့ ဆွဲခေါ်လာပြီး နံရံတွင်ဖိကာ
ရှောင်းကျန့် နှုတ်ခမ်းတွေအား ပြတ်ထွက်မတတ် နမ်းရှိုက်လေသည်။

ရှောင်းကျန့်လည်း အစပိုင်းက လန့်သွားပေမယ့် နောက်ပိုင်းတွင် အနမ်းတွေကို တုံ့ပြန်လေသည်။ဝမ်ရိပေါ်က လျှာအချင်းချင်းတွေ ရောယှက်ကာ ရှောင်းကျန့်အား အသက်ရှူမတက် နမ်းလေသည်။

"ရိ…ရိပေါ်…တော်ပြီလေ"

"အွန်း"

"ငါ…ငါ အသက်ရှူ…အွန့်…ကြပ်လာပြီ"

ရှောင်းကျန့်က ဝမ်ရိပေါ်ရင်ဘတ်ကို တွန်းဖယ်ရန် ကြိုးစားပေမယ့်လည်း ဝမ်ရိပေါ်က ထိုလက်တွေကို ခေါင်းပေါ်၌ စုကာ ချုပ်ထားလိုက်ပြီး ရှောင်းကျန့်အား ကလေးတွေ နမ်းသလို တပြွတ်ပြွတ်နမ်းနေပြန်သည်။

"ရိပေါ်…ရိပေါ်"

"အွန်း…"

ပြွတ်စ်…ပြွတ်စ်!

"တော်ပြီ…တော်ပြီလို့"

"အင်း…"

ဝမ်ရိပေါ်က ထိုအခါမှ လွှတ်ပေးလာပြီး ရှောင်းကျန့် နှုတ်ခမ်းထောင့်က ဆယ်သွယ်ထားသောကြောင့် စီးကျနေသော အရည်တွေကို လက်မဖြင့် ဖိသုတ်လိုက်သည်။

ပြီးနောက် ရှောင်းကျန့်ကို ခါးကနေ သိုင်းဖက်လိုက်ပြီး လည်ပင်းတွေကို နမ်းလိုက်သည်။

Villain of the Story [ Completed ]Where stories live. Discover now