[ Villain of the Story - 2 ]
Zawgyi
"ဝမ်ရိပေါ် မင်း အခုထိ အိပ်ယာမထသေးတာလား!!"
ခပ်စူးစူးကျယ်ကျယ် အသံတစ်ခုကြောင့် ဝမ်ရိပေါ် မျက်လုံးတွေကို ယောင်ယမ်းကာ ဖွင့်ကြည့်မိလိုက်သည်။
သူက အိပ်ယာတစ်ခုပေါ်မှာ အိပ်နေရပုံဖြစ်နိုင်ပြီး အပေါ်ပိုင်းဗလာနဲ့ ပိန်သွယ်သွယ် ခပ်ချောချောယောကျာ်းတစ်ယောက်က ကုတင်ဘေးမှာ ခါးထောက်၍ သူ့ အား ခပ်စူးစူးကြည့်နေလေသည်။ဝမ်ရိပေါ် ဒီနေရာကို ဘယ်လိုရောက်နေမှန်း မသိပေမယ့်
အိပ်ယာကနေ ကုန်းထလိုက်သည်။ကိုက်နေသောခေါင်းကို လက်ဖြင့်အသာဖိလို့ ဦးနှောက်တွေကို အလျှင်အမြန် အလုပ်ပေးမိသည်။သူ မာရီယာနဲ့ စကားပြောအပြီး ကုတင်ပေါ်က လှိမ့်ကျနေရာကနေ ဘယ်လိုလုပ်ပြီး ဒီနေရာရောက်နေလဲ သူ တကယ် စဉ်းစားမရ။
ဒေါက်!!
အရှေ့က မြင်ဖူးသလိုရှိသည့် မျက်နှာပိုင်ရှင်နဲ့လူက ပေါ်တင်ကြီး သူ့ ခေါင်းကို လာခေါက်လေသည်။
"မင်းက ငါ့လက်ထောက်ဖြစ်ပြီး ငါ လာနှိုးတာတောင် အိမ်မက်ထဲက ထွက်မလာနိုင်သေးဘူးပေါ့။
အခုရော…ဘယ်လိုလဲ အိမ်မက်ထဲက ထွက်လာနိုင်ပြီလား?"နှုတ်ခမ်းပါးပါး မှဲ့အနက်ရောက်အစက်လေး ကွပ်ထားတဲ့ သူကို မြင်ဖူးသလိုရှိပါဘိ။ဘယ်နေရာမှာ မြင်ဖူးပြီး ဘယ်လိုများ
သူဟာ ထိုလူရဲ့လက်ထောက်ဖြစ်နေပါလိမ့်။ဝမ်ရိပေါ် တော်တော့်ကို ခေါင်းကိုက်နေပြီ ဖြစ်သည်။
ဒါပေမယ့် သူ့ အရှေ့က လူကလည်း သူမထရင် ဒီအခန်းထဲက ထွက်သွားမည့်ပုံမပေါ်။ရန်လိုနေချင်နေသည့် ထိုလူအား ဝမ်ရိပေါ် ခပ်စောင်းစောင်းတစ်ချက်ကြည့်ပြီး အိပ်ယာပေါ်မှ ထကာ ထိုလူ့ အရှေ့မှာပင်
ညအိပ်ဝတ်စုံကို အကုန်ချွတ်ချလိုက်ပြီး သဘတ်ကို ဆွဲယူကာ ရေချိုးခန်းထဲသို့ ဝင်လာလိုက်သည်။"မင်းက ငါ့ကို ပမာမခန့်ပြုရဲတယ်ပေါ့ ဟုတ်လား ဝမ်ရိပေါ်!!"
နောက်မှ ထိုလူရဲ့ အော်သံသေးသေးလေးကိုလည်း ကြားလိုက်ရသည်။ထိုအော်သံက ပထမအိပ်ယာနှိုးတုန်းကနဲ့မတူဘဲ
အနည်းငယ်တုန်လှုပ်နေသည့် ဟန်ပန်မျိုးပါသည်ကို ဝမ်ရိပေါ် ခံစားမိလိုက်သည်။
YOU ARE READING
Villain of the Story [ Completed ]
FanfictieFor @Lene-not-linn One of the Donation Projects!