[ 7 ]

3.7K 412 2
                                    

[ Villain of the Story - 7 ]

Zawgyi

ရှောင်းကျန့်ဘက်က အရင်စတင်သည့် အနမ်းဖြစ်သော်ငြားလည်း လူလည်လေးဝမ်ရိပေါ်က ရှောင်းကျန့်မေးဖျားကို အတင်းညှစ်လို့ အနမ်းတွေကို ဦးဆောင်တော့တယ်။

ရှောင်းကျန့်ခံတွင်းထဲ ရောက်လာသည့် လျှာနွေးနွေးလေးက ကြမ်းတမ်းစွာပင် မွှေနှောက်လှုပ်ရှားသည်။ရှောင်းကျန့် ပြန်လည်တုံ့ပြန်ရန် လိုက်ဖမ်းသော်လည်း ရှောင်ရှောင်ထွက်သွားကာ နှုတ်ခမ်းတွေကိုပဲ တစ်ဖန် ပြန်ပြန်စုပ်ယူနေလေသည်။

ပြွတ်!

"အွန့်…တော်…အု…!"

ရှောင်းကျန့်စကား လုံးဝစလို့ မရအောင်ပင် ဝမ်ရိပေါ်က အနမ်းတွေဖြင့် ကာဆီးထားလေသည်။

ဝမ်ရိပေါ်က မနေ့တစ်နေ့ပင် ဝတ္ထုထဲရောက်လာသူဖြစ်ပေမယ့် အရင်ကတည်းက ဇတ်ကောင်ရှောင်းကျန့်ကို သဘောကျသူဖြစ်တာကြောင့် ရုပ်လေးနဲ့ပါ တွဲဖက်မြင်ရသည့်အခါ သူ့ ရင်ခုန်သံတွေက အတိုင်းအတာမဲ့သွားရှာလေသည်။

ဝမ်ရိပေါ်က ရှောင်းကျန့်ကိုယ်ပေါ်မှာ ခွလျက်သား ဖြစ်သွားတယ်။နည်းနည်းကသီးကအောင့်နိုင်ပေမယ့် ရှောင်းကျန့်က သူ့ လည်တိုင်တွေကို သိုင်းဖက်ထားပြီး သူက ရှောင်းကျန့်ရဲ့ ခါးလေးကို သိမ်းဖက်ထားတယ်။

"အခု…ငါတို့က ဘယ်လိုအခြေအနေလဲ"

ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ မျက်ဝန်းတွေကို စိုက်ကြည့်ပြီး မေးတယ်။ထိုအကြည့်တွေမှာ လေးနက်မှုတွေ တစ်ပိုင်းတစ်စ
ပါဝင်နေလေတယ်။

"ခင်ဗျား ဘယ်လိုသတ်မှတ်ထားလဲဗျ"

ဝမ်ရိပေါ်က ခပ်နောက်နောက်ပြန်ပြောတယ်။

ထိုသို့ပြန်ပြောပုံကို မကြိုက်သည့် ရှောင်းကျန့်က သူ့ ကိုယ်ပေါ်က ဝမ်ရိပေါ်ကို တွန်းချလိုက်တယ်။

"မင်းနဲ့ငါက သူဌေးနဲ့လက်ထောက်အဆင့်မို့ ခပ်ခွာခွာနေပေး"

ပြောပြီးပြီး ဝမ်ရိပေါ်ကို ကျောပေးကာ မတ်တပ်ရပ်သွားသည့် ရှောင်းကျန့်။ဝမ်ရိပေါ်က ခဏတာကြောင်သွားပြီးမှ ရှောင်းကျန့်အနားသို့သွားပြီး အနောက်ကနေ သိုင်းဖက်လိုက်တယ်။

Villain of the Story [ Completed ]Where stories live. Discover now