[ Villain of the Story - 6 ]
Zawgyi
တံခါးအပေါက်ဝကနေ တွန်းဖွင့်ဝင်လာသည့်သူက စုန့်လန်။
အဓိက ဇတ်လိုက်ဆိုသည့်အတိုင်း ရုပ်ရည်ရော ခန္ဓာကိုယ်ပါ
နည်းနည်းလေးတောင် ပြောစရာမရှိပါ။သူ့ ရင်ဘတ်ထဲက ပိုင်ရှင်လေးကိုတော့ အနည်းငယ်လေးမျှ မမှီရုံလေးပါ။"Sean မတွေ့ ရတာကြာပြီ!"
ထိုသူက ဖော်ဖော်ရွေရွေပင် ရှောင်းကျန့်ကို နှုတ်ဆက်လာလေတယ်။နှစ်ယောက်က ပြိုင်ဘက်အနေအထားမှာ ရှိနေပေမယ့်လည်း ဆက်ဆံရေးတွေကတော့ သူငယ်ချင်းအဆင့်ထဲမှာ ရှိနေတုန်းပဲ။
"ဟုတ်ပါ့။
မင်း ဒီတစ်ခေါက်ခရီးက အိုကေရဲ့လား""အိုကေတာပေါ့ Sean ရဲ့!
ငါက ဘယ်သူမို့လို့လဲ?""ဟုတ်ပါပြီ။မင်းက တော်ပါတယ်"
ရှောင်းကျန့်က စုန့်လန်အား ပုခုံးကို သိုင်းဖက်ပြီးဆိုဖာပေါ် ထိုင်ချလိုက်သည်။တစ်စုံတစ်ယောက်ကတော့ အဖက်ခံထားရသည့် ပုခုံးကျယ်ကျယ်တွေကို မနာလိုဝန်တိုမှုတွေပြည့်လို့!
"ဟင်းဟင်း ကော်ဖီသောက်ဦးမလားဟင်"
ဝမ်ရိပေါ်က မြင်းရယ်နည်းရယ်ပြီး စကားဝင်ပြောတယ်။
ဖက်ထားတဲ့လက်လေးတွေ ဖယ်ချလိုက်စမ်းပါ အလှလေးရှောင်းရယ်။ကျွန်တော် အူတွေပွလာပြီ။"အော်…ဝမ်ရိပေါ်!
မတွေ့ တာကြာပြီ။မတွေ့ တာကြာလို့ မင်းက စကားတွေ ဘာတွေသွက်လာပါလား"ဝမ်ရိပေါ်က ရုတ်တရက်ကြီး သူ့ ဘက်လှည့်ကာ ပြောလာသည့် စုန့်လန်ကြောင့် ကြောင်တောင်တောင် ဖြစ်သွားသည်။
"ဟုတ် အကို"
"ဟား…အခေါ်အဝေါ်တွေပါအစ ပြောင်းလဲလာတာပဲ"
"ခင်ဗျာ"
အော်…သူ အခုမှ သတိရတယ်။
အရင် ဝမ်ရိပေါ်က စုန့်လန်ကို ရှောင်းကျန့်နည်းတူ စုန့်လန်လိုပဲခေါ်သလို ဘယ်တော့မှ စကားဆယ်ခွန်းတောင် ပြည့်အောင် မပြောသူပဲ။အဲ့ဝမ်ရိပေါ်က ရှောင်းကျန့်တစ်ယောက်တည်းကိုပဲ လူထင်ပြီး
စကားတွေပြောခဲ့တာ။
YOU ARE READING
Villain of the Story [ Completed ]
FanfictionFor @Lene-not-linn One of the Donation Projects!