Ending...

6.4K 376 20
                                    

Villain of the Story - Ending Part!

Zawgyi

ဝမ်ရိပေါ်က ရှောင်းကျန့်အား ကြိုပြောထားတဲ့အစီအစဉ်အတိုင်းပင် ပင်လယ်ဘက်သို့ ကားပါ မောင်းချလာပြီး ကားခေါင်းကို ပင်လယ်နှင့် မျက်နှာချင်းဆိုင် ရပ်လိုက်သည်။

ကား အမိုးတွေ အကုန်လုံးနီးပါး ဖွင့်ချလိုက်ပြီး ဘေးနားမှာ ကျုံ့ ကျုံ့ လေးထိုင်နေသည့် ရှောင်းအား ရင်ခွင်ထဲ ဆွဲသွင်းလိုက်ကာ ခေါင်းလုံးလုံးအပေါ် မေးစေ့တင်လိုက်သည်။

"ကျွန်တော်ရဲ့ရှောင်း"

"ဟင်…မောင်"

"ဟိုးကောင်းကင်ပေါ်က လမင်းကို ကြည့်လိုက်"

"အင်း"

"အဲ့လမင်းကြီးထဲမှာ ကျွန်တော်က ရှောင်းပုံကို တွေ့ နေရတယ်။ကျွန်တော့်ရဲ့ရှောင်းက လမင်းကြီးနဲ့တူတယ်။အေးမြပြီး ကြည်လင်သော ဓာတ်များစွာ စုစည်းထားတဲ့နေရာလေး"

ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ လက်မောင်းကို ခပ်ဖွဖွရိုက်ပြီး နခေါင်းလေးရှုံ့ တယ်။

"မင်းကလည်း…"

"ဟုတ်တယ်ဗျ"

"မဟုတ်တာ။ငါက သာမာန်လူပါပဲ"

"ရှောင်းက သာမာန်လို့ထင်ပေမယ့် ကျွန်တော်က သာမာန်လို့မှ မမြင်တာ။ကျွန်တော့်အတွက် ထူးခြားမှုလေး"

ရှောင်းကျန့်က ဝမ်ရိပေါ်ရင်ခွင်ထဲက ထွက်လိုက်ပြီး ပေါင်ပေါ်ကို မျက်နှာချင်းဆိုင် ခွထိုင်လိုက်တယ်။

"ရှောင်း!"

ဝမ်ရိပေါ်လက်တွေက ချက်ချင်းပင် ရှောင်းကျန့်ရဲ့ တင်ပါးတွေကို ဖျစ်ညှစ်လာတယ်။မနေတတ်စွာပဲ ရှောင်းကျန့် ကျောတွေ ဖြောင့်မတ်သွားရတယ်။

"မောင်"

လုပ်လက်စကို ဝမ်ရိပေါ်က ရပ်လိုက်ပြီး ရှောင်းကျန့်ခါးလေးကို သူ့ လက်ဖြင့် တင်းကြပ်စွာ ဖက်ထားတယ်။ရှောင်းကျန့်ရဲ့ ရင်ဘတ်နားကို ခေါင်းကပ်ပြီး မျက်လုံး မှိတ်ကာ ငြိမ်နေပြန်တယ်။

ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ ဆံပင်တွေကို လက်တွေဖွပြီး အနမ်းတွေ ခြွေတယ်။သူ မြတ်နိုးရတဲ့ ကောင်လေးရဲ့ဆံပင်တွေက နူးညံ့တယ်။

You've reached the end of published parts.

⏰ Last updated: Apr 05, 2022 ⏰

Add this story to your Library to get notified about new parts!

Villain of the Story [ Completed ]Where stories live. Discover now