[ Villain of the Story - 8 ]
Zawgyi
ဝမ်ရိပေါ်က ပိတ်သွားသောတံခါးလေးကို တဒုန်းဒုန်းထုကာ ဖွင့်ခိုင်းနေလေတယ်။အထဲက မူချင်နေသည့် ရှောင်းကျန့်ကလည်း ဆေးလိပ်တွေ တစ်လိပ်ပြီးတစ်လိပ်သောက်လို့ မကြားချင်ယောင်ဆောင်နေလေတယ်။
တကယ့်ကို လိုက်ဖက်လွန်းတဲ့ စုံတွဲရယ်ပါပဲ။
"ရှောင်း…ကျွန်တော့်ကို တံခါးဖွင့်ပေးပါ။
ကျွန်တော် ဘာမှမလုပ်ဘူးလေ။ဒီအတိုင်း ရှောင်း ရှက်နေတဲ့ မျက်နှာလေးကို မြင်ချင်ရုံပါပဲ။"ဝမ်ရိပေါ်က ငိုချင်နေသည့် မျက်နှာပေးဖြင့် တံခါးအပြင်ဘက်ကနေ ပြောနေသည်။
ရှောင်းကျန့် တုန့်ခါနေသော ရင်ဘတ်ကို အသာဖိချပြီး တံခါးကို ဆွဲဖွင့်လိုက်တယ်။
"ရှောင်း!"
"ဝမ်ရိပေါ်!"
"ပြောပါ…ရှောင်း အရင်ပြောပါ"
"ငါနဲ့မင်းနဲ့က အသက်ကွာတယ်။
အရပ်ကွာတယ်။အဲ့တာတွေတူတဲ့တစ်နေ့ ငါ မင်းကို အဖြေပေးမယ်"လူကြီးရှောင်းရဲ့ မူနည်းက သိပ်အထာကျတယ်။
မင်းတို့တွေ အတုခိုး လိုက်နာသင့်တယ်။"အရပ်က တူလာနိုင်ချေရှိပေမယ့် အသက်ကတော့ ဘယ်လိုလုပ်တူမှာလဲဗျာ။ရှောင်း ကျွန်တော့်ကို အဲ့လောက်ထိ မရက်စက်ပါနဲ့"
ဝမ်ရိပေါ်က စကားပြောရင်း ရှောင်းကျန့်လက်ကို ခိုးကြောင်ခိုးဝှက် ဆုပ်ကိုင်လိုက်ကာ သူ့ ကိုယ်ပါ အခန်းထဲဝင်ပြီး တံခါးကို လော့ချလိုက်တယ်။
"ဘာလို့ လော့ချလိုက်တာလဲ ဝမ်ရိပေါ်!"
ဝမ်ရိပေါ်က ရှောင်းကျန့်အား နံရံ၌ ဖိချလိုက်လေသည်။
လက်တစ်ဖက်ကလည်း ရှောင်းကျန့်လက်ကို ကိုင်ထားသလို ကျန်လက်တစ်ဖက်ကလည်း ရှောင်းကျန့်၏ ခါးသိမ်သိမ်လေးကို ဖက်တွယ်ထားလေသည်။"ဝမ်ရိပေါ် မင်း!!"
"အင်း ကျွန်တော်…"
"မင်းမျက်နှာ ပြောင်စပ်စပ်မလုပ်စမ်းနဲ့"
ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ ဖောင်းနေသော ပါးတစ်ဖက်ကို လက်ညိုးနဲ့ထိုးလိုက်သည်။

YOU ARE READING
Villain of the Story [ Completed ]
FanfictionFor @Lene-not-linn One of the Donation Projects!