"ဟူးးမူးလိုက်တာကွာ"
'ဖက်'
"နောက်မှမူးဟေ့ကောင် မင်းပစ္စည်းတွေကားပေါ်တင် အဝေးပြေးဂိတ်ကမင်းမေပိုင်တာမဟုတ်ဘူး"ကျော်ဇင်ရဲ့လက်သံကြောင့်အီနေတဲ့ငဘုန်းတယောက် ချဥ်သွားသည်။
အ့ကောင်ကြာလေလက်သံပိုပြောင်လေပဲ'ချီးပဲ' ဟုတိုးတိုးလေးပြန်ကြိမ်ဆဲရင်းငဘုန်းကိုယ့်ပစ္စည်းတွေကိုသာကားပေါ်တင်လိုက်သည်။
ဒီနေ့က ရန်ကုန်ဆိုတဲ့ကျက်သတုန်းမြို့ကိုသူပထမဆုံးရောက်တဲ့နေ့။သူဒီမြို့ကိုသိပ်သဘောမကျပါ။ဘာလို့ဆို သူနှင့်သူအချစ်ဆုံးအမျိုးသမီးကိုပစ်စလက်ခတ်ထားပစ်ခဲ့သော နာကျည်းရတဲ့အမျိုးသားရှိနေရာမြို့ဖြစ်နေလို့ပင်။ထားပါ အတိတ်ကအတိတ်ပဲဟာ ပြန်ရစ်တော့ရောဘာများပြောင်းလဲသွားမှာလဲ။
ပစ္စည်းတွေကားပေါ်တင်ပြီးနောက် ငဘုန်းတယောက် ကျော်ဇင်ဆိုတဲ့သူတောင်းစားအိမ်ကိုချီတက်ရပါတော့သည်။
အွန်းသူကျောင်းလာတက်တာလို့မပြောရသေးဘူးပဲ။ တော်ပါပြီ အိမ်ရောက်မှအေးဆေးပြောတော့မည်ဟုတေးထားရင်း
မျက်၀န်းနက်တစ်စုံကိုပိတ်လွှာအုပ်ချလိုက်သည်။"ငဘုန်း ငဘုန်း ဟေ့ကောင်ဘုန်းရှင်းခန့် ထတော့ အိမ်ရောက်ပြီ အခန်းထဲရောက်မှအေးဆေးနား"
"ဟင် အင်းအင်း"
"ထားလိုက်ပစ္စည်းတွေကိုငါဖြေးဖြေးချင်းသယ်မှာ မင်းသွားနားချေ ပင်ပန်းလာတာကို"
အိပ်ချင်မူးတူးနဲ့အထုပ်တွေကိုင်နေတာကိုကျော်ဇင်မြင်တော့တားသည်။ အ့ကောင်လက်သံပြောင်ပြီးအပေါက်သာဆိုးတာ
စိတ်ရင်းလေးကရှယ်ကောင်း ရုပ်ချောဥစ္စာပေါ သူ့ရဲ့တစ်ဦးတည်းသောသူငယ်ချင်းကောင်းပဲ။ဘုန်းရှင်းလဲ အိမ်ထဲ၀င်ကာအနားယူဖို့ပြင်လိုက်သည်။အခန်းထဲရောက်တော့ မြင်လိုက်ရတာတွေကြောင့်ဟိုကောင်ကျော်ကြီးကိုဆဲချင်သွားသည်။ ခွေးကောင် ရုပ်သာချောတာနှာကတော့မီးeverတောက်လောက်နေတဲ့အကောင်။ သူမြင်ရသည်မှာ sexyပုံတွေပင် အခန်းနံရံတွေတင်မက အခန်းတံခါး ယုတ်စွအဆုံးဗီဒိုတွေမှာပါကပ်ထားတာများအပြည့်။
ဘုန်းရှင်းကအနေရိုးသောသူဖြစ်တာကြောင့်sexyပုံတွေမြင်လိုက်တော့မျက်နှာရဲတက်သွားသည်။သူမြင်နေကျမှမဟုတ်တာကြီးကို။