'ကျိ ကျိ ကျိ'
"အွန်းးးးးးးးးး"
ခွန်နောင်ပျင်းကြောဆန့်ပြီးမျက်လုံးဖွင့်လိုက်သည်။ မျက်လုံးထဲထိုးဖောက်လာသည်ကနံရံကပ် မီးနာရီလေး။ မနက်5:00 ။ဒါပုံမှန်ပင်။ခွန်နောင်မနက်ကိုနေမြင့်သည်အထိမအိပ်တတ် ဒါအဖေ့ရဲ့သင်ကြားထားမှုတစ်ခု။
ဇာတ်ကိုနှစ်ချက်လောက်ချိုးလိုက်ပြီးမျက်နှာသစ်ဖို့ပြင်ရသည်။ဒီနေ့ကျောင်းဖွင့်ရက်မဟုတ်လား။အ့လိုပဲကျောင်းပိတ်ချိန်ဆိုအချိန်ကဘယ်လိုကုန်မှန်းမသိ။ အခုကျောင်းဖွင့်ရင်တော့ရှည်ကြာပါတော့မယ် ကုလားကားလောက် ဒါမဲ့ဒီနှစ်ကိုအပြတ်ကြိုးစားလိုက်ရင် အိုးဟိုး စိတ်ကြိုက်ကဲလို့ရမယ့်နှစ်တွေ......ဟက်အနာဂတ်မှာအလင်းရောင်ကိုမြင်ဖို့အမှောင်ကိုတော့ဖြတ်ရစမြဲမလား။ခပ်ပြုံးပြုံးနဲ့သာသွားတိုက်မျက်နှာသစ်ခြင်းအမှုကိုအပြီးသတ်လိုက်သည်။ခနနေအမေနဲ့အတူဘုရား၀တ်ပြုရအုံးမည်လေ။"ကြီးကြီး အမေ အပေါ်ထပ်တက်သွားပြီလား"
"သားနိုးပြီပေါ့ အေးကွယ်တူမကြီးဘုရားပန်းလဲရအုံးမယ်ဆိုပြီးတက်သွားပြီသားရေ သွားသွား ဘုရားရှိခိုးချိန်နီးပြီ"
"ဟုတ် ကြီးကြီးသားအတွက် နန်းကြီးသုပ်ကိုအကြော်နိုင်ချင်းနဲ့သုပ်ထားပေးအုံးနော်"
(နိုင်ချင်းဆိုတာအများကြီးကိုဆိုလိုတာပါ)"အေးပါအေးပါ ကြီးကြီးခနနေသုပ်ထားလိုက်မယ်"
ကြီးကြီးအားစားချင်တာပူဆာပြီးခွန်နောင်ဘုရား၀တ်ပြုဖို့အပေါ်ကိုတက်လာတော့သည်။ ကြည့် သူ့ချစ်မေမေကဘုရားပန်းလဲပြီးတာတောင် ဘုရား၀တ်မပြုသေးပဲ ခွန်နောင့်ကိုစောင့်နေသေးတာ။တကယ်ပါ တကမ္ဘာလုံးမှာ အမေဆိုတဲ့အမျိုးသမီးကခွန်နောင့်အတွက်တဦးတည်းသောအချစ်ဆုံးမိန်းကလေးပဲ။
"အမေ သားကိုစောင့်နေသေးတယ် အရင်၀တ်ပြုနေလိုက်တာမဟုတ်ဘူး dutyချိန်ရှိသေးတာကို"
"အော် သားရောက်လာပြီကိုး မေလဲအခုမှလဲပြီးတာပါတော် သားကိုခနပဲစောင့်ရသေးတာ
Dutyကလဲ9:00မှာလေ သားကိုတောင်ကျောင်းလိုက်ပို့လို့ရတယ်"