ခွန်နောင်အံ့ဩသွားမိတာတကယ်ပါ။ပြန်တွေ့ဖြစ်မှာပါလို့ထင်ခဲ့တာကအခုလိုကျောင်းမှာမှမဟုတ်တာ။ဒါဆိုသူလဲခွန်နောင့်လိုကျောင်းသားတစ်ယောက်ပေါ့။တကယ်မထင်ရတာသူ့ပုံစံက။တည်တည်ကြည်ကြည်ပုံစံမျိုးမို့ ခွန်နောင်ကuniကျောင်းသားလို့ထင်ခဲ့မိသေးတာ။ဟက် တွေ့မဲ့တွေ့တော့လဲ။ခွန်နောင်ထိုဖရိုဖရဲလေးနားသွားကာနှုတ်ဆက်လိုက်သည်။
"ဟိုင်း ဘရို "
ဘုန်းရှင်းကျောင်းတက်ခေါင်းလောင်းမထိုးခင်အခန်းထဲရောက်ဖို့သွက်သွက်လေး လျှောက်နေတုန်း နံဘေးမှ ခေါ်သံတခုကြားလိုက်ရသည်။လှည့်ကြည့်တော့ ဟိုအပတ်ကmarketမှာဆုံခဲ့တဲ့တစ်ယောက်။
"ဘာလဲ"
"အယ် ရင့်လိုက်တာ မင်းကလဲ"
"မင်းနဲ့ငါသိလို့လား"
"ဟ မသိလို့နှုတ်ဆက်တာပေါ့ကွ သိရင်ဒီလိုနှုတ်ဆက်မနေဘူး နရင်းလေးဘာလေးပဲအုပ် တော့မှာပေါ့"
"ဘာ ဒီမှာဟေ့ကောင် မင်းနဲ့ရန်စခန်းထဖို့အချိန်မရှိဘူး နာရီကိုကြည့်ကျောင်းတက်တော့မယ် မင်းလဲမင်းအတန်းမင်းသွားတော့"
"ကျောင်းတက်တော့မှာတော့သိပါတယ် နေပါအုံး မင်းကဆယ်တန်းပဲလား"
"ဟုတ်တယ်"
"ဒါဆိုငါနဲ့သူငယ်ချင်းလုပ်ရအောင်"
ဘုန်းရှင်းထိုမျက်မှန်နဲ့ကောင်ကိုကြည့်လိုက်သည်။ ကိုယ်ကအသက်တူရွယ်တူထင်နေတာ သူကကို့ထက်ငယ်နေသည်ပဲ။ဒါကိုဘုမသိဘမသိနဲ့ မင်းတွေငါတွေနဲ့ပြောနေပုံက အချိုးမပြေချက်ပဲ။ဘာတဲ့သူငယ်ချင်းလုပ်ရအောင်ဟုတ်လား။ ပြောမယ့်သာပြောတာသူ့ကြည့်ရတာစာဂျပိုးပုံကိုမှလွတ်လွတ်လပ်လပ်နေတတ်ပုံပင်။မဆိုးဘူး သူနဲ့သူငယ်ချင်းလုပ်ထားရင် အနည်းဆုံးတော့စာလုပ်ဖြစ်လောက်သည်။စာကမလုပ်ရတာကြာတော့လုပ်ချင်စိတ်မရှိ။အ့တော့ဂျပိုးကောင်နဲ့ပေါင်းထားရင်အဆင်ပြေလောက်မည်။
"ဘာလဲ သူငယ်ချင်းမဖြစ်ချင်ဘူးလား"
ခွန်နောင်သူ့အားကြည့်ကာတွေတွေလေးစဉ်းစားနေသူကိုမျက်နှာလေးငယ်ပြီးကြည့်လိုက်ရတယ်။သူတကယ်ဒီမျက်၀န်းနက်နက်လေးနဲ့သူငယ်ချင်းဖြစ်ချင်တယ်။