6

13 2 6
                                    

ဘုန်းရှင်းလက်ထဲကပုံလေးကိုကြည့်ရင်းငိုင်နေမိသည်။သူဘာလို့ ဒီပုံထဲကအမျိုးသားနှစ်ယောက်ကိုသာမာန်ဆက်ဆံရေးမဟုတ်ဘူးလို့ထင်နေမိတာလဲ။ ဦးလေးမင်းခက ယောက်ျားတစ်ယောက်ပါ နေပုံထိုင်ပုံကြည့်ရုံနဲ့တင်သံသယ၀င်စရာမရှိ။ ဒါပေမယ့် ဒီပုံထဲကအမျိုးသားကိုကြည့်နေပုံမှာတော့ မြတ်နိုးခြင်းတွေကိန်းအောင်းနေသည်။ဘုန်းရှင်းတွေဝေမိသွား၏ တကယ်ပဲ မျိုးတူယောက်ျားနှစ်ယောက်က ချစ်ခွင့်ရှိပါရဲ့လား။ အင်း ကြည့်ရတာ အချစ်မှာ ပညတ်ချက်တွေမရှိဘူးထင်ပါရဲ့...။သူလက်ထဲကပုံလေးကို စားပွဲအံဆွဲထဲထည့်သိမ်းထားလိုက်သည်။ထိုအခါမှ သူ့ဖုန်းကိုအံဆွဲထဲကတွေ့သည်။ ဖုန်းဖွင့်လိုက်တော့အမေခေါ်ထားတဲ့ call log မရှိပေ။ ဘယ်ခေါ်မလဲ သူ့ဘက်ကစပြီးဘယ်တော့မှမခေါ်ပေ ဒါအမေ့အကျင့်တမျိုး။ ဘုန်းရှင်းအမေ့ကိုဖုန်းဆက်တော့ ပထမတခေါက်မကိုင်ပေ။ ဒုတိယအကြိမ်မြောက်ခေါ်မှသာ ကိုင်သည်။

"အမလေးတော် မြို့ရောက်ပြီး မြို့သားလုပ်နေရတာနဲ့ ကို့အမေကိုမေ့နေသလား မောင်ဘုန်းရှင်းခန့်"

ဖုန်းကိုင်လိုက်တာနဲ့ ကြားလိုက်ရတဲ့အသံကစူးခနဲ အမေတော်တော်အသံအောင်ပါသည်။ဟယ်လို လို့တောင်မထူးပုံက ဒီသားလေးကိုသိပ်လွမ်းနေသည်ထင်။

"ဟာ အမေကလဲ သားဖုန်းကို powerပိတ်ထားတာ အမေပဲ ကျောင်းတက်ချိန်ဖုန်းမကိုင်ရဘူးဆို ဒီဖုန်းတောင် သားလိုအပ်တာရှိမှ အမေ့ကိုဆက်ဖို့ဆိုပြီး အမေပဲပေးလိုက်တာလေ။အ့တော့သားက ဖုန်းကိုမကိုင်မိအောင် မျက်နှာလွဲခဲပစ်လုပ်ထားတာပါ"

"ဟွန့် ဖုန်းကိုမျက်နှာလွဲခဲပစ် လုပ်တာလားအမေဖြစ်သူကို မျက်နှာလွဲခဲပစ်လုပ်တာလား"

‌"ဟားဟား ဒေါ်မြရှင်းရီကို ဒီက အမောင်ဘုန်းရှင်းခန့်လျစ်လျူမရှူရဲပါဘူးဗျ ကြောက်ပါတယ်"

"ပြီးတာပဲ ဒီနေ့ကျောင်းစတက်ရက်မလား အဆင်ပြေရဲ့လား အဆင်မပြေရင်တန်းပြန်လာခဲ့နော်"

"အာ အမေကလဲ အဆင်ပြေပါတယ်ဗျာ သူငယ်ချင်းလဲရခဲ့တယ်၊ အားလုံးအိုကေ"

" ဟင်းး လွှတ်မယ့်သာလွှတ်ရတာ မြို့ကြီးပြကြီးမို့စိတ်မချပေါင်။သားဆယ်တန်းပြန်တက်ချင်နေလို့သာ အမေ့ဘာသာဆို  ပွဲရုံပဲဦးစီးခိုင်းတော့မှာ"

You're My Density 💫Where stories live. Discover now