"ရှင်း"
"ဘာတုန်း ငဂျစ်"
"ကျွန်တော်ပြောထားတာမမေ့နဲ့နော်"
"မင်းကဘာပြောထားသေးလို့လဲ"
"မေ့နေပြန်ပြီ ရှင်းက"
ခွန်နောင့်နှုတ်ခမ်းမသိမသာစူသွားသည်။ရှင်းကသေချာမမှတ်ထားဘူး သူ့စကားကို။"နောက်မှကောက်တော့ လာခနနားလိုက်အုံး"
ဘုန်းရှင်းသူ့အားနှုတ်ခမ်းဖြင့်ထိုးတော့မယ့်ငဂျစ်ကောင်ကို လက်ဆွဲခေါ်ခဲ့ရသည်။သူပြောထားတဲ့'ရှင်းနဲ့တူတူအိပ်မှာနော်'ဆိုတဲ့စကားကိုမေ့ချင်ယောင်ဆောင်လို့ ဒါသပ်သပ်ဂျစ်တာကလေးလဲမဟုတ်ပဲနဲ့။"ဟဲ့ သားကျော် ဘယ်နှယ့်မလို့ အိမ်ရှေ့ခန်းကြီးမှာပိုးလို့ပက်လက်အိပ်နေရတာလဲ ငဘုန်းခန်းထဲသွားပြီးနားပါလားအေ"
"ဟီး အ့ကောင့်မှာသားထက်အရေးပေးရမယ့်သူပါလာတယ်မေမြရဲ့ သားကိုဖုတ်လေတဲ့ငပိရှိတယ်လို့တောင်ထင်မှာမဟုတ်"
"ဟင် သူမိန်းမခိုးလာတာလား"
"ဟာအမေကလဲ အသက်ကနှစ်ဆယ်တောင်မပြည့်သေးဘူးမိန်းမခိုးလားစရာလားဗျာ"
"ဟားးး မေမြရယ် သူကမိန်းမခိုးမယ့်ကောင်မဟုတ်ဘူးဗျယောက်ျားခိုးမယ့်ကောင် ဟားး"
"လာပါအုံးတော် မမြင်ရတာကြာတော့ငါ့သားလေးချောင်သွားသလိုပဲ"
ဘုန်းရှင်းအမေ့နားသွားပြီးအမေ့ပုခုံးပေါ်မေးတင်ကာကပ်ချွဲနေလိုက်သည်။ဒီလိုလေးအမေ့နား ကလေးလိုနေရတာအကောင်းဆုံးပဲမလား။
"သားအတွက်အရေးပါတဲ့သူတယောက်ပါလာတယ်ဆို ဘယ်မလဲ အမေမြင်မိပါလား"
"ငဂျစ်ပင်ပန်းလာလို့သားသူ့ကိုခနနားခိုင်းထားတာအမေ သူနိုးလာရင်မိတ်ဆက်ပေးပါမယ်ဗျာ အတင်းတွေကိုပဲ"
"အမလေး တော်လေးမှာအရေးပါတဲ့သူဘယ်နှစ်ဦးစစများရှိလို့လဲ အမေမသိတဲ့သူမလို့မေးတာပါအေ"
"အခုလဲအမေသိအောင်ခေါ်လာပြီလေဗျာ"
"ကဲချစ်သားအမိနှစ်ယောက်ခင်ဗျာ ကျွန်တော်ကျော်ကြီးအခန်းထဲပဲသွားနားလိုက်ပါတော့မယ်အလွမ်းတ၀ကြီးဖြေလို့ရပါပြီ"