"ခရီးသည်များခင်ဗျာ ရှေ့တွင်အပေါ့အပါးသွားဖို့နှင့်တခုခုသုံးဆောင်ရန်အတွက်ခေတ္တခနရပ်နားပေးမှာဖြစ်သည့်အတွက် ခရီးသည်တို့တွင်ပါလာသော အဖိုးတန်ပစ္စည်းများနှင့်ပိုက်ဆံအိတ် လက်ကိုင်အိတ်များအားတစ်ပါတည်းယူဆောင်သွားပေးပါရန်မေတ္တာရပ်ခံအပ်ပါတယ်ဗျာ"
"ငဂျစ် ငဂျစ် ခနထကားခနနားအုံးမှာ"
လမ်းတစ်လျှောက်လုံးငဂျစ်မပျင်းရအောင်မှန်ဘက်မှာထိုင်ခိုင်းပြီးရှုခင်းများကြည့်ခိုင်းထားပေမယ့် ငတိလေးကဘုန်းရှင်းပုခုံးပေါ်တွင်မှီလျက်အိပ်မြဲအိပ်နေသည်။အရပ်ကကိုယ့်ထက်အနည်းငယ်ရှည်နေတာကြောင့်ဘုန်းရှင်းတောင့်ခံထားရတာညောင်းနေပေမယ့် ညတုန်းကတတွတ်တွတ်နဲ့စာလေးခွေဖောက်ထားတာမို့နှိုးသွားရင်ကားမူးနေမှာစိုး၍ကိုယ့်မှာမလှုပ်နှိုင်။
"အွန်းးး ဘယ်နမိုင်ရောက်နေပြီလဲရှင်း"
"အဝေးကြီးလိုသေးတယ် အခုမှနေ့လည်တဖြတ်နားတာ မင်းဗိုက်ဆာနေပြီလား"
"ဗိုက်မဆာသေးပေမယ့် ရှူးတော့ပေါက်ချင်နေတယ်"
"ကားရပ်ရင်သန့်စင်ခန်းအရင်သွားမယ်လေပြီးမှဗိုက်ကိုတခုခုဖြည့်ကြတာပေါ့"
"ဟုတ်"
.....✨
"*ီးပဲ ငါကိုပလစ်သွားကြတယ်နော်နှစ်ယောက်လုံးငါ့မှာ driverလာနှိုးမှနိုးတယ် ငါဒီခရီးမှာပါလာတာရောသတိရကြသေးရဲ့လား"
"ဆောရီးကွာ ငဂျစ်သေးတအားပေါက်ချင်နေတယ်ဆိုလို့အမြန်ဆင်းလာတာမင်းကိုမေ့သွားတယ်"
"အော် အေးအေး လင်မျက်နှာတစ်ကမ္ဘာမှတ်နေ..အွန့်...."
ပြောလို့တောင်မဆုံးသေး ခွေးကောင်ကျော်ကြီးရဲ့ပါးစပ်ကိုအမြန်ပိတ်လိုက်ရသည်။ဒီကောင်ကတော့ပါးစပ်စည်းမရှိဘူးပဲ။
"ကိုကျော်ဇင်ကလဲလျှောက်နောက်နေပြန်ပြီ ရှင်းရှက်နေပြီ တအားမစပါနဲ့ဗျ"
"ငါကသဘောရိုးပါစတာကလဲမင်းရဲ့ငရှင်းကြီးကသာအတွေးပေါက်နေတာ"
"မင်းတို့နှစ်ယောက် လုပ်စရာရှိတာလုပ်ပြီးထွက်ခဲ့တော့ငါထမင်းသွားမှာထားတော့မယ်"