9

15 1 0
                                    

ဘုန်းရှင်းအ၀တ်ထုတ်ပြင်ရင်း ဘာလုပ်လို့လုပ်နေမှန်းမသိတဲ့တစ်ယောက်ကိုကြည့်မိသည်။မနက်ဖြန်8နာရီကားနဲ့ ဘုန်းရှင်းရွာဘက်ပြန်မှာမို့ လိုအပ်တာတွေထုတ်ပိုးနေတာ ငဂျစ်ကတော့ဒီမနက်တည်းကအိမ်ရောက်နေပြီး ငုတ်တုတ်လေးထိုင်နေလိုက် မိုးတိုးမတ်တပ်နဲ့ ပတ်သွားနေလိုက်ဖြင့်အလုပ်ရှုပ်နေလေရဲ့။အခုလဲ သူ့အ‌၀တ်ထုတ်ကိုဖွင့်ပြီးဘာတွေစစ်နေမှန်းမသိ။နေ့လည်တည်းကသူစစ်နေတာဒါနဲ့ဆိုလေးကြိမ်မြောက်။

"ငဂျစ် ဘာပစ္စည်းတွေကျန်နေသေးလို့လဲ"

"ဘာပစ္စည်းကျန်နေမှန်းမသိတာ"

ခွန်နောင်ပထမဆုံးအကြိမ်အမေတို့မပါပဲခရီးသွားရတာဆိုတော့ ဘာပစ္စည်းတွေလိုအပ်မှန်းမသိ။ဒီခရီး‌ေဆာင်အိတ်တောင်အမေထည့်ပေးလိုက်တာ။သူ့လိုသူသာဆိုအိမ်မှာရှိသမျှအကုန်နီးပါးသယ်လာမိမှာ။ရှင်းပြောပြပုံအရမြို့ထဲနဲ့လှမ်းသည်တဲ့။ဒါဆိုသူလိုအပ်တာရှိလာရင်၀ယ်ဖို့ခက်ခဲနေမှာ။

"လိုတာရှိရင်၀ယ်လို့ရပါတယ်ဟိုမှာ မြို့ထဲဘက်နဲ့လှမ်းတယ်ဆိုပေမယ့် ကားလမ်းနဲ့ဝေးတဲ့ရွာမဟုတ်ပါဘူး။ဆိုင်ကယ်နဲ့သွားရင်ငါးမိနစ်ဆိုရောက်ပြီ ကားလမ်းမပေါ်အ့‌မှာ၀ယ်လို့ရတဲ့ oceanအသေးစားလေးတွေ storeဆိုင်တွေတော့ပေါပါတယ် မြို့စွန်ဘက်ဖြစ်နေလို့ မြို့ထဲနဲ့လှမ်းတယ်ပြောတာ အ့လောက်စိုးရိမ်မနေနဲ့"

ဘုန်းရှင်းသိတာပေါ့ ငဂျစ်ဘာစိုးရိမ်နေလဲဆိုတာ။လိုတိုင်းရတဲ့နေရာမှာနေပြီး လိုတာမှန်သမျှလမ်းမှာ၀ယ်လို့ရတဲ့ခရီးတွေသာသွားဖူးတာကြောင့် တောကြိုတောင်ကြား နေရာတွေဆို သူကျန်ခဲ့တဲ့အရာ၀ယ်လို့မရမှာစိတ်ပူနေပုံ။ဘုန်းရှင်းကလဲတောင်တလုံးဖြတ်ရတယ်ပြောမိတာကိုး။

"အွန်း ထားလိုက်တော့မယ် အကယ်၍လိုတာရှိရင် ရှင်းဆီကပဲတောင်းမယ်"

"အင်းအ့လိုပဲလုပ်"

"ငဘုန်းမင်းလဲအထုတ်ပိုးပြင်ပြီးပြီပေါ့ ပြင်ပြီးရင်လဲ ငါ့ကိုလာကူပါဦးကွာခရီးမသွားတာကြာတော့ မပြင်တတ်တော့ဘူး"

"အေး မင်းစောက်လုပ်ချည်းပဲ"

"ဟ ငါ့စောက်လုပ်ကအခုမှတခုပဲရှိသေးတာကွ"

You're My Density 💫Where stories live. Discover now