ဘုန်းရှင်းရင်ထဲတစ်မျိုးလေးဖြစ်သွားသည်။တကယ်သူဒီလိုအရေးပေးမခံရဘူးပါ။ 'စားခါနီးကြီးတဲ့သူကိုအရင်ဦးချရတာတဲ့' အဖေကပြောထားဖူတယ်ဆိုပြီး သာမာန်သဘောမျိုး ထိုကောင်လေးဆိုလိုက်ပေမယ့် ဘုန်းရှင်းရင်ထဲသိမ့်ခနဲခံစားလိုက်ရသည်။သူများတွေအတွက် ကံကဘက်စုံကောင်းပေးနေတာပဲ။ ဒါဆိုသူကရော...သူ့ဘ၀မှာ ကံဆိုးမှုတွေချည်းသာမကြုံဖူးပေမယ့် ကံကောင်းမှုနောက်တွင်တော့ကံဆိုးမှုကအရိပ်လိုကပ်ပါလာစမြဲ။ ငယ်စဉ်ကတည်းက အမေတစ်ယောက်တည်းရဲ့ရုန်းကန်အားနဲ့အတူဖြတ်သန်းလာခဲ့ရသည်။အမေ့ရဲ့ ချစ်ခြင်း၊ဂရုစိုက်ခြင်း ၊ သွန်သင်ခြင်းတွေ ပြည့်၀စွာရရှိခဲ့ပေမယ့် အဖေ့မေတ္တာ အဖေ့သွန်သင်မှု ဆိုတာ ဘယ်ဆီနေမှန်းတောင်မသိ။ တခြားသူများ သူတို့အဖေအကြောင်းပြောနေရင် ဘုန်းရှင်း မသိသလိုဟန်ဆောင်နေခဲ့ပေမယ့် တကယ်တော့သိမ်ငယ်နေမိသည်။သူများတွေလို အဖေကပွားတယ်ကွာ ၊ငါ့အဖေကငါ့ကိုတအားအလိုလိုက်တာလို့ ပြောဖူးချင်ပါသည်။ တကယ်ပါနောက်ဘ၀များမှာသာ လူသားအဖြစ် ဖြစ်တည်ခဲ့မယ်ဆိုရင် အလုံးစုံမပြည့်စုံခဲ့ရင်တောင် မိဘနှစ်ပါးနှင့်တော့စုံလင်စွာ မွေးဖွားလာခဲ့ချင်ပါသည်။
ခွန်နောင် ဟင်းထည့်ပေးစဉ်ကတည်းကငြိမ်သွားတဲ့သူကို တချက်မေ့ာကြည့်ရာ မျက်လုံးကြည်ကြည်လေးကညို့မှိုင်းနေလေသည်။ နေအုံးမျက်ရည်စလေးတွေလားလို့......
ဘုန်းရှင်း မျက်လုံးက နဂိုကြည်ကြည်နက်နက်လေးမို့မသိရင် အရည်လဲ့နေသလို့မြင်နေရခြင်း ဒါကြောင့်မို့ သူမျက်ရည်ဝဲနေရင်တော်တန်ရုံမည်သူမှမသိပေ။ဒီကောင်လေးလဲမသိလောက်ပါဘူး ဆိုပြီး ဘုန်းရှင်းဝဲချင်ချင်ဖြစ်နေတဲ့မျက်ရည်စတွေကိုပုတ်ခတ်ပုတ်ခတ် လုပ်ကာသိမ်းလိုက်ရသည်။ထို့နောက်မသိသလိုဟန်ဆောင်ကာ
" စားလေ မင်းစောစောကဗိုက်အရမ်းဆာနေပြီဆို"
"အာ စားမှာ ဒါနဲ့ ရှင်း၀မ်းနည်းသွားတာလား"
"ဟင်" သူဘယ်လိုလုပ်....
" ဘာကြောင့်၀မ်းနည်းမိသွားလဲမသိပေမယ့်တောင်းပန်ပါတယ် ကျနော့်ပြောလိုက်တဲ့စကားမှာ ရှင်းအတွက်၀မ်းနည်းစရာပါသွားခဲ့တယ်နဲ့တူတယ်"