သာမာန်ဘ၀မှာ သာမာန်နေ့ရက်တွေကိုရိုးရှင်းစွာဖြတ်သန်းကြည့်ဖူးလား။ဘာမှမပါတဲ့ကော်ဖီခါးသက်သက်ကိုရော သောက်ကြည့်ဖူးလား။ ပြီးတော့ဘာပကာသနမှမပါတဲ့အချစ်ကိုရောခံစားကြည့်ဖူးလား။ရိုးရှင်းတဲ့ဘ၀မှာ သာမာန်ဆန်ဆန်လူတွေနဲ့ပဲဆုံတွေ့ခဲ့ပြီး ထိုသူတွေနဲ့သာဖြတ်သန်းရင်း ဘ၀ကိုပျော်ပျော်ကြီးခံစားကြည့်ပါ။ဘယ်အရာကိုမှအရမ်းမမျှော်လင့်ထားလျက်ပေါ့....သိတယ်မလားမျှော်လင့်ထားရင်မဖြစ်တတ်ဘူးလေ။
နေ့ရက်တွေကို ပုံမှန်ဖြတ်သန်းလာတာအခုဆိုသီတင်းကျွတ်ကျောင်းပိတ်ရက်ရောက်တော့မည်။ကျောင်းသွားချိန်များမှာ ခွန်နောင်ကစက်ဘီးလေးနင်းပြီး နောက်ပါးတွင် လိုက်ပါလာသူက ဘုန်းရှင်း၊ အ့လိုပင် ကျောင်းပြန်ချိန်တွင် ဘုန်းရှင်းရဲ့စက်ဘီးနောက်ခုံလေးမှာ ခွန်နောင်လိုက်ပါနေစမြဲ။အရာအားလုံးပုံမှန်လိုသွားလာနေပေမယ့် ပုံမှန်မဟုတ်ခဲ့သည်မှာ သူတို့နှစ်ယောက်ရဲ့သံယောဇဉ်ဆိုတဲ့ကြိုးလေး။တစ်စတစ်စနဲ့တဖြေးဖြေးကြီးထွားလာခဲ့သည်။အခြားသောသူတွေထက်လဲပိုနီးကပ်လာသည်။ကျောင်းဆင်းပြီးအိမ်ပြန်ရောက်ချိန်တွင်တခါတခါ ခွန်နောင်ဘုန်းရှင်းထံတွင်သာနေရစ်တတ်သလိုတခါတခါကျရင်လဲခွန်နောင့်အိမ်ကိုဘုန်းရှင်းလိုက်သွားရစမြဲ။ကျောင်းကလွဲပြီးQရှင်မယူတာကြောင့်တစ်ယောက်စီရဲ့အိမ်မှာတလှည့်ကျ စာလိုက်လုပ်ရင်း ခွန်နောင်ကျော်ဇင်နဲ့ဦးမင်းခတို့ကိုအတော်အတန်ရင်းနှီးနေပြီဖြစ်သလို၊ ဘုန်းရှင်းလဲ ခွန်နောင့်မိဘတွေနဲ့တောင် ရယ်မောပျော်ရွှင်နေတတ်ပြီ။အချိန်တွေကသူ့အလုပ်သူလုပ်ခဲ့သလို့တစ်ယောက်စီရဲ့နှလုံးသားတွေကလဲပုံမှန်ထက်အလုပ်ပိုလုပ်နေခဲ့ပါသည်။
"ရှင်း သီတင်းကျွတ်ပိတ်ရက် နယ်ပြန်မှာလား"
ခွန်နောင် စက်ဘီးနောက်ခုံလေးကနေကပ်တိုးလေးမေးလိုက်သည်။ဒါသူတို့ကျောင်းဆင်းချိန်။"အင်း ခနပြန်အုံးမှာ ဆယ်ရက်တောင်ပိတ်ပေးမှာဆိုတော့ ငါးရက်လောက်ပြန်မလားလို့"
"လွမ်းနေတော့မှာပဲ.."
ခွန်နောင်တိုးညှင်းစွာရေရွတ်မိတယ်။ပထမဦးဆုံး လူတစ်ယောက်ကိုခင်တွယ်မိသည်မို့သူမခွဲချင်ပါ။ကြာေတာ့ရှင်းအေကြာင်းပိုသိလာပြီးရှင်းကိုပိုခင်တွယ်လာသည်။။ရှင်းကို သူ့စရိုက်ဖြစ်အောင်ပြောင်းလဲခဲ့ပေမယ့် တကယ်ပြောင်းလဲခဲ့ရတာက ကိုယ်။တကယ်တော့ရှင်းကလူရေလည်ပါသည် အရမ်းအရမ်းလဲနပ်သည်။ဒါကို ကိုယ်ကထပ်သင်ပေးဖို့ကြံမိသည်လေ တကယ်ဟာသပါဆို။