'ဒေါက် ဒေါက် ဒေါက်'
ဘုန်းရှင်းတံခါးခေါက်သံကြောင့် အိပ်နေရာမှနိုးလာတော့တယ်။ခုံပေါ်ကနာရီကိုတချက်လှမ်းရှိုးတော့ 5:13pm။အင်း သူအိပ်တာတော်တော်ကြာသွားတာပဲ။တံခါးသွားဖွင့်တော့ တံခါးခေါက်သူက ကျော်ဇင်မဟုတ်ဘဲ ကျော်ဇင့်ဦးလေးဦးမင်းခဖြစ်နေသည်။
"အာ အန်ကယ်အလုပ်ကပြန်ရောက်ပြီလားဗျ"
"စောစောကပဲပြန်ရောက်တာ ငါ့တူရေ သားကျော်က ဘုန်းရှင်းရောက်နေတယ်ဆိုလို့အန်ကယ်လာတာ ထူးထူးဆန်းဆန်း မြရှင်းရီကသားကို ဒီလာခိုင်းတော့ အံ့ဩနေတာ သူ့သားကိုရန်ကုန်လိုအဝေးမပြောနဲ့ ရွာထိပ်က ကုက္ကိုပင်တောင်မလွှတ်တာ ဘာစိတ်ကူးပေါက်နေတာတုန်း"
ဘုန်းရှင်းရယ်မိတော့သည်။ အ့လိုပဲ ဦးလေးမင်းခက အမေ့ငယ်သူငယ်ချင်းဆိုတော့ အမေ့အကြောင်းကိုနောကျေနေပြီးသား။အမေကဒီသားလေးတယောက်တည်းရှိလို့သဲသဲလှုပ်တာကိုအမြဲစနေကျပင်။
" ကိစ္စကတော့သားကျောင်းပြန်တက်မို့ "
"ဟာ သတင်းကောင်းပဲကွ ငါ့တူကိုဦးလေးကပြန်တက်စေချင်နေတာ နားထားတာတနှစ်ကျော်ဆိုတော့စာနဲ့မဝေးတုန်းတက်တာအကောင်းဆုံးပဲဟေ့"
ဟုတ်ပါသည်။ ဘုန်းရှင်းဆယ်တန်း fresherမှာ final examဖြေခါနီးကျမှ အူအတက်ပေါက်လို့မဖြေခဲ့ရပဲနားလိုက်ရတာပင်။အ့ကနေအမေကနယ်ကိုပြန်ခေါ်သွားတော့ဟိုမှာအမေ့အလုပ်ကူပေးရင်းတနှစ်ထပ်နားသလိုဖြစ်သွားတော့သည်။ဒီနှစ်မှအမေကငါ့သားလေးဆယ်တန်းပြန်ဖြေချင်ပြန်ဖြေလေဆိုသောစကားကြားရတာ။ဒါမဲ့ဒီတနှစ်တော့ အရင်fresherနှစ်ကတက်ခဲ့တဲ့ကျောင်းမဟုတ်ပဲ
ရုန်ကုန်မှာသွားတက်ဆိုပြီးလွှတ်လိုက်တာ။ဦးလေးမင်းခပြောသလိုပင်ဘာစိတ်ကူးတွေပေါက်နေမှန်းမသိပေ။"အမေဘာစိတ်ကူးပေါက်နေလဲတော့ သားလဲမသိဘူး"
"မြရှင်းရီ ဒီတခါပေါက်တဲ့စိတ်ကူးကကောင်းတဲ့စိတ်ကူးပဲကွာ ဘာပဲဖြစ်ဖြစ်ကြိုးစားဟုတ်ပြီလား လိုတာရှိရင်ဦးလေးကိုပြော အားနာရအောင်ဦးလေးကသူစိမ်းမဟုတ်ဘူး ကြားလား အခုတော့ညနေစောင်းနေပြီခနနေထမင်းလွေးရအောင်ကွာ "