Part4

1K 97 0
                                    

Ji ပင်ပန်းပါသည် တကယ်ပင်ပန်းသည် ကိုယ်ကိုမချစ်မနှစ်သက်တဲ့သူကို လိုက်ကပ်တွယ်နေရတဲ့ဒုက္ခ....Ji နားလည်မိသည်။ တစ်ဖက်သတ်အချစ်ကမည်မျှလောက်‌တောက်ပူလောင်လိုက်လေခြင်းးဟူးးး

တစ်ညလုံးငိုထား၍ မပွင်တဲ့မျက်စိတဲ့မှေးမှေးလေးမှာပျောက်လုနီးပါး နိုးလာတော့လဲ ညက ဓာတ်ပုံကိစ္စကခေါင်းထဲစီးကြိုနေသည်။ Ji မုန်းမိတော့မည်။ Joen ကိုတော့မဟုတ်......Joen. ကိုမမုန်းနိုင်တဲ့ကိုယ့်ကိုကိုယ်သာမုန်းမိတော့မည်......

ဟူးးလေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး ကုတင်ပေါ်မှဆင်းကာ ရေချိုးခန်းထဲဝင်လာလိုက်သည်။မုန်ရှေ့ရပ်ရင်းကိုယ့်ကိုကိုယ်ကြည့်မိသည် ။ ဆံပင်ရွှေအိုရောင်ခေါင်းလုံးလုံးလေးနဲ့ အဝါရောင် ညဝတ်အကျီလေးကိုဝတ်ထားသည်မှာ တကယ့်ကလေးတစ်ယောက်ပမာ....ဒီပုံစံလေးသာကျောင်းက လူတွေတွေ့ရင် Ji ဆိုတာ။ယုံမည့်ပုံမပေါ် ‌ဆိုးသွမ်းလှပါရဲ့ဆိုတဲ့ သခင်လေး ၃ ယောက်ထဲမှ Joen ပြီးရင် ကြောက်ဖို့အကောင်းဆုံး Park Jimin ဆိုသည့်ကောင်လေးသည် ဒီကောင်လေးဟုသာပြောကြည့် ကျောင်းကလူတွေမည်သူမှ ယုံလိမ့်မည်မဟုတ် .....အခုအခါ‌တွင်တော့ ဆိုးသွမ်းသည်များခဝါချလျက်ရှိသော Park သခင်တော်လေးသာဖြစ်သည် ဟူးးးးးအလွန်ချစ်စရာကောင်းလွန်းသည် ကျောင်းကအစစ်မတွေသာဒီပုံလေးကိုမြင်ရင် သေချာသည် နှာခေါင်းသွေး လျှံနေပေတော့မည်........

Ji လဲရေပန်းအောက်ဝင်ပြီး ရေအေးလေးတွေနဲ့ရေချိုးသန့်စင်နေလိုက်သည် ။ရေအေးနှင့်တွေ့သည်အခါ ပင်ပန်းမှုများ သက်သာသွားသယောင်ယောင် ......ရေချိုးတာကြာလာတာတော့ နှာခေါင်းတရှုံရှုံ့ဖြစ်နေတာကြောင့် ညကပင်ပန်းမှုဒဏ်တွေနဲ့ ဖျားတော့မည်ဆိုတာကိုသိနေလေပြီ Ji လဲ မြန်မြန်ရေချိုးခန်းထဲကထွက်၍ အကျီဝတ်စားလဲကာ ကျောင်းသို့မြန်မြန်ထွက်လာလိုက်သည်။ အရမ်းပင်ပန်းနေပင်မဲ့ သူရဲ့ အားဆေးလေးကိုတွေ့ရဦးမာ် မဟုတ်လားးးးး

ပြိုင်ကားအနက်ရောင်လေး ကျောင်းထဲသို့ဝင်လာသည်နှင့်တစ်ပြိုင်နက် ‌ကျောင်းသားကျောင်းသူအားလုံး၏ မျက်လုံးများသည် ပြိုင်ကားအနက်ရောင်လေး၌သာ........စမတ်ကျကျ ဆင်းလာသော Park သခင်လေး....အဝေးနားနေဆောင်‌ထဲမှ ပါးဆောင်ကြီးပေါက်ထွက်သလား လျှာဖြင့်ထိုးနေသော Joen သခင်လေး .....

Limited Love(On Going)Where stories live. Discover now