Part 8

877 90 3
                                    

Hanna ၏ ချိန်းခြောက်မှုသည် ထိရောက်ပါသည်။

"ငါ...ငါ"
အာစေးကပ်နေသော ချိန်းခြောက်မှုအသေးစားလေး၏တုန့်ပြန်မှုသည် Ji တစ်ယောက် ပေါ်လွင်နေပြီ။

Ji သည် Hanna နဲ့စကားပြောနေရာမှထွက်လာပြီး ပွဲခန်းမအလယ်သို့ ရောက်အောင် မြန်သထက်မြန်ကာ လျှောက်လာလိုက်သည်။

Tae တစ်ယောက် နောက်ပိုင်းကျ အဖေ၏ အမွေကိုဆက်ခံရမှာဆိုတာကြောင့် အခုထဲက ပွဲတက်နိုင်အောင်ကျင့်မည်ဆိုကာ ပါတီပွဲသို့တက်လာလိုက်သည်။ ဝင်ဝင်ချင်းမြင်လိုက်ရတာက စီနီယာ Yoongi

"ဟင် အကို ကဒီကိုဘယ်လိုလုပ်..."

"ဟာာ Tae . Tae က ပါတီလာတာလား ဒီလိုကြတော့လဲ ကလေးလူမိုက်ပေါက်စလေးလိုမဟုတ်ဘဲ သန့်ပြန့်နေတဲ့ သူဌေးပေါက်စလေးကျနေတာဘဲကွာ" Tae ဒီပွဲကိုလာမယ်ဆိုတာသူသိပါသည်။
Kim ကုမ္ပဏီနဲ့ အနာဂတ် CEO လောင်းလေးဆိုတာလဲ သူသိပြီးပြီ ....

"ဟာ အကိုကလဲ ကျွန်တော်က လူမိုက်မဟုတ်ပါဘူးဗျာ ဟွန့်"

သူ့ကိုလူမိုက်လို့ပြောတာကြောင့် နှတ်ခမ်းလေးဆူကာ ပြန်ချေပနေသော လူသား၏ အလှတရားကြောင့် တောက်လောင်နေသောမီးခဲလေးသည် ရေနှင့်ငြိမ်းလိုက်ရတာ ချက်ချင်းပင် အေးချမ်းသွားသကဲ့သို့

တကယ်ပါ ကို့အတွက် Tae ကအေးချမ်းရာလေး

"ဒါနဲ့ အကိုက ဒီကိုဘယ်လိုလုပ် "

"ဟားဟား အကိုက Min ကုမ္ပဏီရဲ့ CEO လေ "

"ဟာ အ့ဆို ကျွန်တော်နဲ့ လက်တွဲမဲ့ ကုမ္ပဏီက အကို့ ကုမ္ပဏီ ပေါ့"

"ဟုတ်တယ် Tae လေးရဲ့ "

"ဟီးး ဝမ်းသာလိုက်တာ "

ဘာမှမဟုတ်ပါဘူး ဒီဝမ်းသာလိုက်တာ ဆိုတဲ့ စကားလေး ၄လုံးနဲ့တင် ကျွန်တော့ရင်ထဲ ကုလားဘုရားလှည့်သကဲ့သို့ အုန်းဒိုင်းးး

ဟုတ်တယ် ဗျ ကျွန်တော် Min Yoongi ဆိုတာ Min Company ရဲ့ CEO ဖြစ်လာမဲ့သူ တစ်နည်းအားဖြင့် အခု CEO ရဲ့ မယားပါသားပေါ့ အိုမားက အပါးကြောင့် စိတ်ဆင်းရဲပြီးသေဆုံးသွားရတာ ဟက် အိုမားဆုံးကထဲက ကျွန်တော့်ရင်ထဲအပါးအတွက် မေတ္တာဆိုတာမရှိတော့ဘူး ဒီကုမ္ပဏီကို လွဲပေးလဲ ကျွန်တော် နည်းအမျိုးမျိုးနဲ့ ဆိုးခဲ့တာ အိုမားဆုံးပြီးတော့ စိတ်တော်တော် အဆင်မပြေတဲ့အချိန်မှာ နမ်ဂျွန်းတို့အတွဲနဲ့‌တွေ့ခဲ့ရတာ ကျွန်တော့အတွက်မိတိဆွေကောင်းဘဲ အခုတော့ ကျွန်တော့ဘဝအတွက်နောက်ထပ်‌အရေးပါတဲ့သူပေါ်လာပြီပေါ့....
ကျွန်တော့်အသက် ကျွန်တော့် အေးချမ်းရာလေး Kim TaeHyung ဆိုတဲ့နတ်သားလေးပေါ့ သူနှလုံးသားကတစ်ခြားသူဆီမှာဆိုပင်မဲ့ကျွန်တော်ကရအောင်ယူမဲ့ နတ်ဆိုးလေ.....

Limited Love(On Going)Donde viven las historias. Descúbrelo ahora