🐾

573 31 0
                                    

ကမ္ဘာငယ်
မောင့်အမုန်းတွေ ‌ဖြေသိမ့်တဲ့အခါ
ကိုယ့်ဆီတစ်ချက်လှည့်ကြည့်ပေးပါ

မောင့်ထားခဲ့တဲ့အတိုင်း နေရာမှရပ်နေတဲ့သူဆိုတာ
မင်းနှစ်ခါပြန်မကြည့်ရတဲ့ကိုယ်ပါ

မောင့်အပြုံးတွေပျောက်ကွယ်မသွားအောင်
ကိုယ်ဂရုပြုမှာ

နေကြာပန်းကိုသိလား
ပူလောင်ပင်မဲ့ နေမင်းရှိရာအရပ်ဘဲမျက်နှာမူတာ
အဲ့လိုဘဲ ကိုယ်လဲတူတူပါ

ကမ္ဘာကြီးပျက်သုန်းသွားလို့
အကုန်သေကြေရရင်တောင်
မပျက်စီး မအိုဟောင်းဘဲ ကျန်ရှိနေစေမှာ
ကိုယ့်အချစ်ပါ မောင်
#kay

Limited Love(On Going)Wo Geschichten leben. Entdecke jetzt