Part6

936 97 0
                                    

ကျွန်တော်ရင်တွေပူလိုက်တာဗျာ ....
ပျော်မယ်ထင်လို့လွှတ်ပေးထားတဲ့ကောင်ကလေးပေါက်စလေးကလေ အခုဆေးရုံမှာတဲ့ဗျာ....
ကျွန်တော်လေ သိပ်ချစ်တာဗျာ အဝေးကနေကြည့်နေပြီး လိုတာလေးတွေဘဲဖြည့်ဆည်းတက်ဖို့ ကြိုးစားနေတာမျိုး....
သိပ်ချစ်လဲ မပိုင်ဆိုင်ရရင်နေပါစေ သူလေးပျော်ဖို့ လိုက်လျောမဲ့လူမျိုးဗျ.....
အရမ်းအားကျရတဲ့ Joen ကို သူချစ်တာထက်ကျွန်တော်ပိုချစ်တာမျိုး......

ဆေးရုံသို့ရောက်သောအခုအလျင်အမြန်ပင် ကောင်တာသို့ပြေး၍ ပေါက်စကလေးရှိမဲ့အခန်းကိုမေးလိုက်သည်။

"ဟို လေလွန်ခဲ့တဲ့ နှစ်နာရီလောက်က ဆေးရုံကိုရောက်လာတဲ့ Park Jimin ဆိုတဲ့ သူ ဘယ်အခန်းမှာလဲ "

ကမူးကရူး နဲ့မေးနေသောကြောင့် ကောင်တာတွင်ထိုင်နေသော ကောင်မလေးများလဲကြောင်ကာ

"ရှင် ရှင်"

"နင်တို့ကိုရှင်ခိုင်းတာ မဟုတ်ဘူး ငါမေးနေ‌တာ မေးတာဖြေ ယီးးလိုဘဲ ဘာမှစောက်သုံးမကျဘူး စောက်အ တွေလားဟမ် "

ဘုန်းးးးး

ထွက်လာသောဒေါသသည် ကောင်တာ ခုံလေးပေါ်သက်ဆင်းခဲ့လေပီ

" ဟို Tae သခင်လေးရှင့် Park သခင်လေူက R2567 မှာပါ "

သူနာပြုမလေးလဲကြောက်ကြောက်နှင့် Park သခင်လေးရှိရာကိုပြောပြရချေပီ ....မပြောပြရင်လဲ နောက်နေ့ ဒီဆေးရုံကို သူတို့‌ေခြချခွင့်ရမည်မဟုတ်။

ကြောက်ရပါသည်

Joen သခင်လေး
Park သခင်လေး
Tae သခင်လေး တို့မှာ သွားထိလို့ကောင်းသည်မဟုတ် ရန်ငြိုးမရှိလို့ အမြင်မကြည်ရင်တောင် ထိုလူနောက်နေ့ နေထွက်ချိန်တောင်မြင်ခွင့်ရမည်မဟုတ်......

ပြောလို့တောင်မဆုံးသေး ဓာတ်လှေကားကတောင်မတက်နိုင် ရိုးရိုးလှေကားကနေ ၂၅ထပ်အမြင့်မှာရှိတဲ့ R2567ဆီသို့ တစ်ဟုန်ထိုးပြေးသွားလေပီ

ထိုမြင်ကွင်းကိုကြည့်ချင်းအားဖြင့် Park သခင်လေးသည် မည်မျှအရေးပါသည်ကို မြင်တွေ့နိုင်မည်မဟုတ်လော...

R2567 သို့ရောက်သောအခါ တံခါးတောင်မခေါက်နိုင် ဖွင့်၍သာဝင်လာလိုက်တော့သည်။

Limited Love(On Going)حيث تعيش القصص. اكتشف الآن