Part12

869 81 1
                                    

အော် ဘာလိုလိုနဲ့ သဘက်ခါဆိုရင်တောင် ငါတို့လက်ထက်ရတော့မယ် ငါ့ဘက်ကဘဲတစ်ဖက်သက်ကြီးပေါ့ မောင်ကတော့‌စိတ်တောင်မဝင်စားဘူးရယ် စိတ်မဝင်စားလဲနေပေါ့ ငါကမောင့်ကိုချစ်ရင်ရပြီ ရက်ဘက်ထဲကနည်းနည်းတော့အောင့်တာပေါ့....

"မောင် ဒါလေးသဘောကျလား အရောင်လေးလဲစမ်းတယ်နော်"

"မင်းဘာသာမင်းကြိုက်တာယူ မင်းသဘောလေ မင်းလုပ်ချင်တာလုပ် "

"ဟာ မောင်ကလဲ ငါတစ်ယောက်ထဲမဂ်လာဆောင်မှာမှမဟုတ်တာ မောင်နဲ့ဆောင်မှာလေ"

"ဆောင်ပေါ့ ဆောင်လေ"

"ဆောင်မှာဆောင်ဦးမှာ Joen Jungkook နဲ့တစ်အိုးတစ်အိမ်ထူထောင်ဦးမှာ "

"ဆောင်ဆောင်ဟွန့်"
ဝတ်စုံဆိုင်ထဲရန်ဖြစ်နေတာလားအချစ်စမ်းနေတာလားတောင်မသဲကွဲတော့ တကယ်ပါလေ သတင်းတွေအရသာမချစ်ဘဲလက်ထက်တယ်လို့ယုံရတာ နောက်မို့ဆို ချီးစားပြောရုံတောင်ယုံမှာမဟုတ်ဘူး ....

ဘေးမှာမနေနိုင်တော့သော ဝန်ထမ်းများမှ မရီမိအောင်ထိန်းရင်းဝင်ပြောရသည့်အဆင့်သို့ရောက်ရှိခဲ့သည်။

"ဟိုသခင်လေးနှစ်ယောက်ကလေ ဒါလေးက တစ်သက်မှတစ်ခါဘဲ ဒီဇိုင်နာကထုတ်မဲ့ဝတ်ဆုံပါ သူ့ရည်ရွယ်ချက်ကတော့ တစ်သက်မှာတစ်ခါဘဲလက်တွဲနိုင်စေဖို့တဲ့ အဲ့ဒါကြောင့် ကျွန်တော်ဒါလေးယူဖို့ တိုက်တွန်းပါ‌ရစေခင်ဗျ"

"အွန်းဟုတ်တယ်နော် မင်းပြောတာလဲ ဟုတ်သား အဲ့ဆို မောင်!ငါတို့ဒါလေးယူကြရအောင်"

"ယူလေ ယူပေါ့ ယူ ယူ ယူ ယူ ယူ "

ထိုအချိန်ဒိုင်းခနဲရောက်လာသောမျက်စောင်းးးး
ဂျောင်တစ်ယောက် ရွဲ့နေရင်းပေါက်စမျက်စောင်းရောက်တော့လူက ကျက်သီးတွေဖြန်းခနဲ

နေပါဦးဟ သူကဘာစွမ်းအားများပိုင်ဆိုင်ထားတာတုန်း အရင်ကငါသူ့ကိုနိုင်ခဲ့တာပါ အခုတော့ ဘယ်လိုလုပ်ငါကျက်သီးတွေထနေတာတုန်း
(AN/ပေါက်စကစွမ်းအားရှိတယ်မောင်ရဲ့ မချစ်ဘဲမနေနိုင်တဲ့စွမ်းအားလေ ခိခိ🙊)

ဝတ်ဆုံအတွက်ကိုယ်တိုင်ဝတ်ကြည့်ပြီးနောက်ဆုံးတော့ ဒါလေးဘဲ ယူကာ ကောင်တာမှာငွေရှင်း၍ အလာတုန်းကပြိုင်ကားလေးပေါ် အနက်ရောင်သခင်လေးနှစ်ဦး ကြွရွစွာ တက်ခဲ့သည်။

Limited Love(On Going)Nơi câu chuyện tồn tại. Hãy khám phá bây giờ