Part 2

1.3K 116 0
                                    

Jkဘာကိုစိတ်တိုလို့တိုမှန်းမသိ သူအရမ်းဒေါသထွက်နေတာဘဲသိသည်။ Ji သူ့စကားနားမထောင်လို့လား Taeနဲ့အတူတွေ့လိုက်ရလို့လား သူစိတ်ကိုသူရေရေရာအသိ အရာအားလုံးဒေါသထွက်သည် မြင်မြင်သမျှဖျက်စီးနေမိသည်။ စိတ်အလွန်တိုသည်။ ဒီလိုနဲ့ဆိုင်ထဲမှာရှိတဲ့စီနီယာတို့ဝိုင်းကိုသာ ခပ်တည်ခပ်ဖြင့် Ji အားလက်ဆွဲကာခေါ်လာလိုက်သည်။ လက်ပုစိလေးတွေနီရဲနေမှာအမှန်ပင်.....ကျွနိတော်ဂရုမစိုက်မိ။

" Joen ကလဲ ဘာလို့စိတ်တိုနေတာလဲဟင်" ချစ်စရာကောင်းသောမျက်နှာလေးဖြင့်ကျွန်တော့်ကိုပြောနေလဲကျွန်တော်စကားပြန်မပြောမိ အင်းးးးခုထိဒေါသထွက်နေတုန်း....

"အော် Ji တို့လဲရောက်လာပြီဆိုတော့ စားစရာတွေမှာရအောင်နော် Ji ကော ဟိုညီလေးကော ကြိုက်တာမှာကြနော်" စီနီယာ Jin ဆီမှJi လို့ခေါ်သံကြားလိုက်သောအခါ ကျွန်တော့် စိတ်ပိုပြီးမှောက်မိုက်သွားလေပြီ ဒေါသလည်းအရှိန်ကုန်မောင်းနှင်သည့်ဒုန်းပျံကဲ့သို့.....
ထိုကြောင့်ခုံကိုလက်ဝါးဖြင့်ရိုက်လိုက်ကာ...

"သူ့နာမှာမည်ရှိတယ် Park Jimin .Jimin လို့ခေါ် Ji လို့မခေါ်နဲ့"

စီနီယာJin ကော စီနီယာ Namjoon ကော စီနီယာ Yoongi ကော လန့်သွားကာ စီနီယာ Yoongi မှ

"ဟာ Jk မင်းကလဲ ငါတို့က နာမည်မသိသေးလို့ Ji လို့ခေါ်မိတာပါကွာ စိတ်အဲ့လောက်မတိုပါနဲ့" ဆိုပြီး စီနီယာ Yoongi ရှင်းပြလိုက်မှ JK တစ်ယောက် ရှူးရှူးရှဲရှဲတွေဖြစ်ကုန်သည်။

"Joen ကလဲကွာ စီနီယာတို့က မသိလို့ခေါ်မိတာပါ "

JI ပြောလိုက်ကာမှ ဒေါသက Ji ဆီလှည့်လာသလိုလို ။ ထိုအခြေအနေကိုရိပ်မိသော စီနီယာ Kim Soek Jin မှ

"အာ ငါတို့မိတ်ဆက်ပေးရဦးမှာဘဲ ညီလေး Park Jimin အကိုက Kim Soek Jin ပါ အကို့ဘေးက Kim Namjoon ဟိုဘက်က Min Yoongi. ပါ"

" ဟုတ် တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျ " အပြုံးချိုချိုလေးနဲ့နှုတ်ဆက်လိုက်ကာမှ Ji ချက်ချင်းပင်အငွေ့ပျံချင်သွားသည်။ဘေးနားက မျက်လုံးကျွတ်မတတ်စိုက်ကြည့်နေတဲ့ Joen အကြည့်တွေကြောင့် သူစတင်တုန်လှုပ်နေလေပြီ......

Limited Love(On Going)Tempat cerita menjadi hidup. Temukan sekarang