Part18

1.3K 90 12
                                    

*ဒီအပိုင်းကိုမဖတ်ခင် Angel baby song ကိုအရင်နားထောင်နော်*

လေပြေပြီးသွားရင် မုန်တိုင်းလာတက်တာက သဘာဝတရားပင်မဲ့ လူလောက သဘောကတော့ လေပြေဘဲ‌ဖြစ်အောင်လေပြေနဲ့ဘဲဆောင်ကျဉ်းလို့ရသလို လေပြေကနေ မုန်တိုင်းအဖြစ်လဲသဘောတကျ ပြန်ပြောင်းလို့ရတယ် စိတ်သဘောတရားလေးတစ်ခုပေါ်မှာဘဲမူတည်တာပါ.. ဘဝတစ်လျှောက်လုံး မုန်တိုင်းဘဲဖြစ်အောင် ဖန်တီးလို့လဲရသကဲ့သို့ လေပြေဘဲဖြစ်အောင်လဲ ဖန်တီးလို့ရနိုင်ပေသည်။

ဆိုးသွမ်းလှသည်။ ခေါင်းစဉ်တပ်နေသောလူနှစ်ယောက် မထင်မှတ်ဘဲ လက်ထက်လိုက်ကြသည်ဟူသော သီတင်း။ အရင်က အလုပ်ဆို ခြေဦးတောင်မလှည့်သော သူက အခုဆို အလုပ်၂ခုကို ဦးစီးနေသည့်သီတင်း။ ယောက်ျားလေးနှစ်ယောက်လက်ထက်သောကြောင့် အားပေးသော သူများရှိပင်မဲ့ ရှုံ့ချသော လူမျမှားလဲ နောက်ကွယ်တွင် နှာခေါင်းရှုံ့ကြသည်။ အရင်က အတိတ်ဆိုးအကြောင်းကိုသာ ပြော၍ သူတို့အိမ်ထောင်ရေး မတည်မြဲနိုင်ဟု ဝေဖန်နေသူများက တစ်သိုက် ။ အချစ်နဲ့မတည်ဆောက်ပင်မဲ့ ယုံကြည်မှုက အလကားမဟုတ်‌တာကြောင့် ပြိုကွဲဖို့မဖြစ်နိုင်ဟု ပြောကြသော သူများ တစ်ပုံ။

ကုတင်ပေါ်တွင်လှဲလျောင်းနေသော လူသားငယ်လေး။

ဆံပင်အဝါဖျော့ ရောင်ခေါင်းလုံးလုံးလေးက အနက်ရောင်ခေါင်းအုံးအကြီးကြီးကြားထဲမြုပ်လျက်။

ဖြူလွှလွှ ညအိပ်အကျီလေးက တစောင်းအိပ်နေတာကြောင့် အပေါ်ကို လိပ်တက်သယောင် ခါးစနားက ဘောင်းဘီမျှော့ကြိုးလေးက ဖြူလွှလွှ။

တစောင်းအပြင်ကို ခြေထောင်လေးက တစ်ဖက်လျှောသဏ္ဌန် အိပ်နေသောကြောင့် နီတာရဲ ခြေဖမိုးလေးနှင့် ခြေချင်းဝတ် သေးသေးလေးမှာ အမှန်ပင်အသဲယားစရာ။

လက်တစ်ဖက်ကို ပါးအောင်ဖိ‌‌အိပ်နေတာကြောင့် ဆေးအကူမလို နှင်းဆီရောင်နှခမ်းဖူးလေးကလဲ ဆူထွက်နေလေသည်။

King Sizeမွေ့ယာ အနက်ကြီးပေါ်မှ Angelတစ်ပါး

ထို Angelသည် Demon Jeon Jungkook၏ အပိုင် .

Jk ထိုင်ခုံပေါ် မှထိုင်ကာ ဖြူလွှလွှအရိပ်လေးကိုကြည့်နေတာကြာပြီ။ အသက်ရှုမှန်မှန်နဲ့ အိပ်မော‌ကျနေသော သူ၏သက်ဆိုင်သူလေး တစ်နည်းအားဖြင့် သူသဲငယ် ...

Limited Love(On Going)Où les histoires vivent. Découvrez maintenant