Part11

906 78 1
                                    

အဲ့နေ့က အိမ်သာကိုတစ်ယောက်ထဲသွားဖို့ငါမလွှတ်ခဲ့ရင်
အနောက်က ငါလိုက်သွားခဲ့ရင်
အလှ‌ငယ် ဝိုင်သောက်နေတာ တားမိခဲ့ရင်
သူဒီလိုရင်ကျိုးစရာတွေဖြစ်မှာမဟုတ်
အချစ်ရယ် ကိုယ်ရင်ကျိုးရချည်ရဲ့
ကိုယ့်ဘက်ကို တစ်ချက်လောက်လှည့်ကြည့်ပါဦးလား
အမြဲတမ်း တစ် Joen ထဲ Joen နေတာ ကိုယ်တစ်ကယ်မနာလိုရချည်ရဲ့
အခုလဲကြည့် မပိုင်ဆိုင်ရလဲနေပါစေ
အဝေးကငေးကြည့်မယ်ဆိုကာမှ
အလှငယ်လေးရဲ့နှလုံးသားပါမက လူပါသူဆုံးရှုံးရပြီ
နာကြင်ရလိုက်တာ အလှငယ်ရယ်

Ji နဲ့ဆိုင်မှာတွေ့ပြီးကထဲက ကလေးတစ်ယောက်လို ရင်ထုမနာ ငိုနေသော အေးချမ်းရာလေးသည် အခုတော့ မီးတောက်ပမာ သူဆုံးရှုံးရပြီဆိုသော အသိသည် သူ့အားထပ်ခါထပ်ခါ သတ်သကဲ့သို့
ကလေးလေးတစ်ယောက်လိုအော်ငိုနေသော Tae အားအပြစ်မမြင်ရက် သူကိုယ်တိုင်လဲ ချစ်ဖူးသည်မဟုတ်လော အချစ်မှာကျဆုံးသူသည် သူပင်ဖြစ်သည်ကို Tae မသိ အမှန်တော့ မြင်အောင်မကြည့်တာဖြစ်ပေမည်။

"အကိုသိလား ကျွန်တော်ကလေ သူ့ကို အရမ်းချစ်တာဗျ မပိုင်ဆိုင်ရလဲနေပါစေဆိုပြီး ပေးဆပ်ချစ်နဲ့ချစ်ခဲ့တာ ဒီအတိုင်းလေးဘဲချစ်ခဲ့တာ သိလားအကိုရ အီးးးဟီးးး ကျွန်တော်သူ့ကိုဆုံးရှုံးရတော့မယ် အီးးဟီးး"

"ကလေးငယ်ရယ် မင်းကပေးဆပ်ချစ်နဲ့ချစ်ပြီဆိုထဲက သူပျော်ရွှင်ဖို့ပေးဆပ်ရမှာဘဲလေ တိတ်ပါကလေးငယ်ရယ် နှပ်ချီးတွေနဲ့ပေပွနေပြီ"

"ပေးဆပ်ချစ်ဆိုတာ သူများဆ‌ီကိုအဲ့လိုရောက်သွားအောင်ချစ်တာမဟုတ်ဘူး ပြီးတော့ ကျွန်တော်ဝမ်းနည်းတာက အခုလိုအမှားကြီးဖြစ်သွားတာက ကျွန်တော့်ကြောင့်ဖြစ်သွားတာ
ကျွန်တော်သာ အဲ့နေ့က နောက်ကလိုက်သွားခဲ့ရင် ကျွန်တော့်ရဲ့အလှငယ်လေးကိုပေါပေါလောလော ပေးလိုက်ရမှာမဟုတ်ဘူး"

"အဲ့ဆို ကလေးငယ်ရယ်အစထဲက ရယူချစ်နဲ့ချစ်လေ"

"ဟင့်အင်းပေးဆပ်ခြင်းဘဲ အီးးဟီးးး"

"အဲ့ဆိုလဲ ငိုနော်ဝအောင်‌ငို နောက်နေ့တော့မငိုရဘူး"

"ဘာလဲရွဲ့တာလားးးအီးးဟီးးးငိုနေရင်တိတ်အောင်ချော့ရမှာမသိဘူးလားးအီးးဟီးး"

Limited Love(On Going)Dove le storie prendono vita. Scoprilo ora