Part5

988 95 0
                                    

****ဆေးရုံအတွင်းသို့ ဝုန်းဒိုင်းကြဲမောင်းနှင်လာသောကားလေးတစ်စီး  .....

ပြိုင်ကားလေးပေါ်မှ ရွှေအိုခေါင်းလုံးလုံးလေးနဲ့ ‌သွေးမရှိတော့လောက်အောင်ဖြူစွတ်နေသော‌ခန္ဓာကိုယ်လေးအား ကလေးလေးသဖွယ်ချီကာ ဆင်းလာသော Joenတစ်ယောက်.....
မျက်လုံးများကနီဆွေးကာ တစ်ခုခုဆုံးရှုံးရမှာကို ထိတ်လန့်နေသယောင် ချီထားသော လက်များမှာလဲ တစ်ချက်ချက်တုန်သွားသည်ကို အတင်းထိန်းချုပ်နေရပုံ ......

"ဘယ်သူမှမရှိဘူးလားလာကြစမ်း သူ့ဆံမျှင်လေးတစ်ပင်ထိခိုက်တာနဲ့ ဒီဆေးရုံနောက်နေ့မမြင်ရတော့ဘူးမှတ် "
Joen တစ်ယောက် စိတ်တွေအစိုးမရတော့ပေ Ji တစ်ယောက်တစ်ခုခုသာဖြစ်ရင်သူရူးသွားနိုင်သည် ။ မျက်ရည်တွေအဆက်မပြက်ကျနေပင်မဲ့ Ji ကိုထိခိုက်အောင် လုပ်မှာစိုးလို့ ချိန်းခြေက်ဖို့တော့မမေ့....

Joen သခင်လေးတစ်ယောက် ဆေးရုံထဲတွင်သောင်းကျန်းသောအခါမှ အကုန်သည်ပြာပြာသလဲလဲနှင့် ဖြူလွှလွှခန္ဓာကိုယ်လေးအား အရေးပေါ်လူနာဆောင်ပေါ်သို့သုတ်ခြေတင်ပြေးရလေပြီ....မပြေးလို့လဲမဖြစ် ဒီလူသားလေးသာတစ်ခုခုဖြစ်ရင် အသက်နှင့် ခန္ဓာအိုးစားကွဲမည်ပင်....အဘယ့်ကြောင့်ဆိုသော် *****ဆေးရုံ၏ အမွေဆက်ခံသူ Joen သခင်လေးဖြစ်တာကြောင့်ပင်

လက်ဖြူဖြူလေးအားဆေးထိုးအပ်ပေါင်းစုံဖြင့်ထိုးနေသည်မှာ အခန်းအပြင်မှကြည့်နေသော Joen တစ်ယောက် တင်းထားသောစိတ်အစုံသည်ငိုချမိပြီ Ji ကိုသူဒီလိုမမြင်ချင် တောင်းပန်ပါတယ် Ji ဟုသည်သာ စိတ်ထဲတောင်းပန်မိသည်

ထိုအချိန်အခန်းအတွင်းမှထွက်လာသောဆရာဝန်

"Ji ဘာဖြစ်တာလဲပြောစမ်း သူအရင်ကဒီလိုမဟုတ်ဘူး အရမ်းကြံ့ခိုင်တဲ့သူ "

"စိတ်အေးအေးထားပါ  Joen သခင်လေး Park သခင်လေးက ဒီအတော့အရမ်းပင်ပန်းနေတဲ့ပုံပေါ်တယ် ညမအိပ်တဲ့ဒဏ်နဲ့ပေါင်းပြီး အခုလိုမေ့လဲသွားတာပါ ဒါမဲ့...."

"ဒါမဲ့ဆို ဘာဖြစ်လဲ...."

"ဒီလိုအခြေအနေ ထပ်မဖြစ်စေချင်ဘူး နှလုံးရောဂါ ဖြစ်သွားမှာဆိုးလို့ပါ Park သခင်လေးက အပြင်မှာကြမ်းတမ်းပင်မဲ့ နှလုံးသားကနူးညံ့ပုံပါ သူစိတ်ပင်ပန်းမခံနိုင်ဘူး အ့ကြောင့်သူ့ကိုဂရုစိုက်ပေးဖို့ပြောပြပါရစေ သခင်လေး"

Limited Love(On Going)Where stories live. Discover now