Part3

1K 103 0
                                    

Jiတစ်ယောက်အခန်းထဲနေရင်း ပျင်းလာလို့ Joen နဲ့ငယ်ငယ်တုန်းကအမှတ်တရတွေကို တစ်ယောက်ထဲပြန်စဉ်းစားကာနေလေသည်။
သူအရမ်းချစ်ရတဲ့ Joen ဟာ သူ့ကိုကျ ဘယ်သူမှအနားကပ်မခံဘဲ သူကျ တစ်ယောက်ပြီးတစ်ယောက် ထည်လဲတွဲသည်။လောကကြီးက ဒဏ်ခတ်လေသလား ဒီလူဆိုလေးအား ကျွန်တော်ဘယ်လိုမှမုန်းမရ.....ချစ်သည် Joen ကိုချစ်သည် ...မြတ်နိုးသည်.....ဘယ်အရာတွေဘယ်လိုတားဆီးဆီး Joen အပေါ်ချစ်တဲ့အချစ်သည် မပြောင်းလဲနိုင်။ ဟုတ်သည် ကျွန်တော်သည်အချစ်ရူးတစ်ယောက် ဖြစ်မှန်းသိပင်မဲ့ ရူးသည် ။ ရူးပါစေ ကျွန်တော်က ဒီဘဝလေးကိုဘဲကျေနပ်နေတာလေ....ချစ်တယ်ဆိုတာထက်ပိုတဲ့ စကားလုံးလေးများဒီကမ္ဘာပေါ်‌တွင်ရှိမလား......

Tae တစ်ယောက်ဒီနေ့ အဖေ့ကုမ္ပဏီမှာဝိုင်းကူဖို့ သူ့ပြိုင်ကားလေးနဲ့ ****လမ်းမအတိုင်းမောင်းလာလိုက်သည်။မီးပွိုင့်တစ်ခုအရောက် လူတွေရုပ်စိရုပ်စိ ဖြစ်နေလို့ ဘာဖြစ်နေတာလဲဆိုပြီးစပ်စုလိုက်သည့်အခါ ကားတစ်စီးနဲ့ စက်ဘီးနှင့်လူတစ်ယောက် .....လဲကျနေသောလူကို မြင်ဖူးပါသည်ဆိုပြီးသေချာကြည့်မှ စီနီယာ Yoongi ....စီနီယာကို မြင်သောအခါ ကျွန်တော်ဘာမှမတွေးတော့ဘဲ ကားကိုလမ်းဘေးသို့ထိုးရပ်ကာ စီနီယာ့ဆီအပြေးသွားလေ‌သည်။

"စီနီယာ ဘာဖြစ်တာလဲဟင် "

စီနီယာက သူ့ကိုမြင်တော့ အံ့ဩသွားကာ

"ဟာ TaeHyung ဒီမှာလေ ဒီခွေးသားလေ ကားကို လူလိုမမောင်းဘူး ဒီဘက်ကွေ့မို့ကို ခေါင်းကိုဝိုက်ချတာ တော်သေးလို့ပေါ့အရှိန်မပျင်းလို့ အရှိန်သာပျင်းရင် နတ်ပြည်ရောက်မလားဘဲ"

"ဘာ ဟိတ်ကောင် မင်းကများငါ့ကို ခွေးသားတဲ့ မင်းက‌ဘာကောင်မို့လို့လဲ"

ကားသမားမှ ဒေါသတကြီးနဲ့ စီနီယာ့အားထိုးဖို့ရွယ်တော့ကျွန်တော်လဲအခြေအနေမဟန်တာနဲ့ စီနီယာပြောတဲ့ အဲ့ခွေးသားလက်ကို လှမ်းဆွဲ၍ နောက်သို့လှန်ကာ

"ဒီမှာ မင်းကဘာမို့လို့ ထိုးမို့ရွယ်ရတာလဲ ဒီကိစ္စက မင်းအမှားကြီးနော် "

ထိုအခါမှ ကားသမားမှ ရှက်သွားကာ တောက်ခေါက်၍

" တောက် ‌မင်းနဲ့ငါနဲ့တွေ့မယ်"

Limited Love(On Going)Tahanan ng mga kuwento. Tumuklas ngayon