Unicode💜
"ဟန်နရီ(Henry)&ဆူရီလင်း(Suri Lynn)
တို့ရဲ့သား...ဟယ်ရီလင်း(Harry Lynn)
အသက်(18)..16/8/2003ဖွား
14/10/2021တွင် စက်ဘီးစီးလာရာ
ကားတိုက်ခံရ၍ မနက်၉နာရီ
၁၈မိနစ်တွင် ကွယ်လွန်သည်။""ဟယ်ရီလင်းတဲ့....ခီယန်ရဲ့ အရုပ်လေး..မင်းနောက်၂မိနစ်ဆိုသေရတော့မှာပဲ..နှမြောစရာ"
ထိုသေမင်းဟာလေ တစ်ယောက်တည်းရေရွတ်နေမိလေသည်။သေမင်းအစွမ်းကိုသုံးကာနေ နေချင်းကြောင့် သူ့အားတခြားလူမမြင်နိုင်။
"အော်...ဒါကျတော့်ကိုပြမယ်ဆိုတဲ့..Surpriseလား..စီနီယာ ဟာလေ?"
ဘယ်နေရာကမှန်းမသိ သူ့ဘေးနာကိုခီယန်ရောက်လာကာ စာအုပ်ကိုငုံ့ကြည့်နေသည်။
"ခီယန်...ငါစိတ်မကောင်း.!!!!"
ထိုသေမင်းစကားမှမဆုံးသေး ခီယန်ရဲ့ ညာဘက်လက်က ထိုသေမင်းနှလုံးအိမ်ကို ဖောက်ဖျက်ဝင်သွားသော်...
""ဝေါ့""
ပါးစပ်ထဲမှာသွေးတွေကြလာတဲ့ သေမင်းဟာလေ...သူ့ရင်ဘတ်ကိုဖောက်ဝင်သွားတဲ့ ခီယန့်လက်ကို အံ့အားသင့်စွာကြည့်နေမိသည်။
"Surprise ပါ စီနီယာ.....အကိုဟာလေ"
"မင်း..မင်း.."
"ကျတော်က..အထက်ကိုအဆင်ပြေသလိုကြည့်ပြောမှာမို့...အကိုကအေးဆေးသေလို့ရပါတယ်.."
"ခီ..ခီယန်..မင်း...ဘယ်..လို..လုပ်..ဒီလိုအစွမ်းတွေ..."
"ကျတော်က.တသက်လုံးအကိုတို့လို..ပိန်းတိန်းတိန်း သေမင်းလုပ်သွားမယ်ထင်နေတာလား...အာ.....မနေ့ကပြောဖို့မေ့သွားတာ..
ဟယ်ရီ့ကိုထိရင်..ကျတော်က..စီနီယာလဲမချန်ဘူးဆိုတာ""မင်း..မင်း.."
"ခဏခဏ...စာအုပ်ထဲက..မှတ်တမ်းလေးပြန်ပြင်လိုက်ဦးမယ်..ပြီးမှဆက်ပြောကြတာပေါ့"
ဆိုကာ ထုတ်ချင်းပေါက်ထိုးထားသော ထိုလက်ကို ဟာလေကိုယ်တွင်းမှဆွဲထုတ်ကာသွေးများကိုခါချလိုက်သည်..
သူရဲ့အိပ်ကပ်ထဲကနေပြီးတော့ ဘောပင်ကိုထုတ်ယူလိုက်ကာ..သေဆုံးကြောင်းမှတ်တမ်းတွေကို..ခြစ်ချလိုက်တယ်...အဲ့ဒီ့စာသားတွေနေရာမှာ..
BẠN ĐANG ĐỌC
Stuck With You (မင်းနဲ့ငြိတွယ်မိပြီ)
Siêu nhiênThis fiction is my first creation.. Script(except from true story) and dialogues are just my imagination..I have no idea to insult anyone