Unicode 💜
ဟယ်ရီအတွေးများစွာဖြင့် busကားလေးစီးပြီးပြန်လာလေရာ ၉နာရီခွဲပီလော။
ဘတ်စ်ကားပေါ်က ဆင်းတော့ မမလွန် ဆိုင်ကိုဝင်လိုက်မယ်ဟုတွေးကာ ဆိုင်သို့လျှောက်လာလေသည်။
ဆိုင်ထဲကိုဝင်သွားတော့ လူသိပ်မကျလို့ထင်တယ် မမလွန် ဖုန်းနှင့်ရုပ်ရှင်ကြည့်နေလေသည်။ ဟယ်ရီဝင်လာတာကိုတွေ့သွားတော့
"ဟယ်ရီ သန့်လို့ပြန့်လို့ပါလား ဘယ်ကပြန်လာတာလဲ လက်ထဲမှာလဲမုန့်တွေနဲ့"
"သားအလုပ်သွားလျှောက်တာ "
မမလွန် ဝမ်းသာသွားသည်။ဒီကလေးအလုပ်လုပ်ရင် အရင်လိုအရိုက်ခံတော့မှာမဟုတ်။
"ပြောပါဦး ဘာအလုပ်တုန်း"
"ဟိုဘက်မြို့မှာ ဖွင့်မဲ့Cafè ဆိုင်လေ"
"ဟမ် ? အော်သိပြီ Parádeisosလား"
"ဟုတ်တယ် မမ"
"မိုက်တယ် အဲ့ဆိုင်အခု Instagram မှာနာမည်ကြီးနေတာ"
ဟယ်ရီတစ်ယောက် စာအုပ်တွေနဲ့လုံးပန်းနေတာကြောင့် ဘာsocial mediaမှမသုံးဖြစ်ပါ။
"ကျတော် မသိဘူး "
မမလွန်မအံသြပါ ဒီကလေးကဒါတွေစိတ်မဝင်စားဘူးလေ
" ဒီမှာကြည့် "
မမလွန်က ig က ထိုpostကိုပြတော့တကယ်နာမည်ကြီးနေတာပါ ဆိုင်ရဲ့အသွင်အပြင်ကြောင့်ပင်
Parádeisos(ဧဒင်ဥယျာဥ်)ဆိုတဲ့အတိုင်း အပင်တွေနဲ့စိမ်းစိမ်းစိုစိုသာမက နံရံပေါ်မှာလည်း နတ်သား နတ်သမီးတို့ပုံတွေရေးဆွဲထားသေးသည်တကယ်မျက်စိအေးစရာ။ဟယ်ရီသွားတုန်းက မမြင်ခဲ့ချင်းမှာဆိုင်က ၂ယောက်သီးသန့်ခန်း ၄ယောက်ခန်းစသည် အခန်းတွေနဲ့ကန့်ထားပြီး အပြင်မှာတော့ တချို့သူအများအတွက်တော့ အဝင်ဝမှာ မှန်အကြည်နှင့်ကာထားသည့် sight view ခုံတန်းရှည်ကြီးရှိလေသည်။ သူစိတ်လှုပ်ရှားနေသည်မို့သေချာမမမြင်ခဲ့ခြင်းသာ။
ဟယ်ရီမှင်သက်သွားသည်မှာအမှန်ပါပဲ"လှသားပဲ"
"ဟမ် နင်သွားသာလျှောက်တာမသိဘူးလား"

BINABASA MO ANG
Stuck With You (မင်းနဲ့ငြိတွယ်မိပြီ)
ParanormalThis fiction is my first creation.. Script(except from true story) and dialogues are just my imagination..I have no idea to insult anyone