Unicode💜
"အား..ဒီကလေး!..တော်ပါသေးတယ်..ငါလူမဟုတ်လို့..မဟုတ်ရင် အရိုးတွေကျိုးလောက်ပြီ"
အိမ်အောက်ထပ်ကိုဆင်းသွားတော့..အထုတ်တွေကူသယ်နေတဲ့..ဟယ်ရီ.
"မာမီတို့ပြန်ရောက်နေပြီပဲ.."
"သားတိုက်ကို မာမီကအိပ်နေပြီထင်တာ.."
"ဟယ်ရီဖယ်..ကိုယ်သယ်ပေးမယ်.."
ဆိုကာ ဟယ်ရီ့လက်ထဲက အထုတ်တွေကို ဆွဲလုလိုက်တဲ့ တိုက်ကို..
"သားတိုက်ကို မသယ်ပါနဲ့..ရပါတယ်..မာမီတို့ဘာသာသယ်လိုက်မယ်ရတယ်.."
"မဟုတ်ပါဘူးမာမီရဲ့ ဟယ်ရီ့ကြည့်ရတာလဲ မနိုင်တဲ့ပုံပေါ်နေလို့..ကျတော်ကရပါတယ်"
တိုက်ကိုဝင်သယ်ကာမှ ကိုယ့်အထုတ်ကိုယ်သယ်ကြတဲ့ မာရီဆူးတို့ သားအမိ။
"မာမီ...ဦးလေးရော..?"
"အေး..သားရဲ့ဦးလေးက..အိမ်တောင်ပြန်မရောက်သေးဘူး..အလုပ်ကိုတန်းသွားတယ်..ဖိုင်ယူစရာရှိလို့တဲ့.."
"အော်.."
အန်နီဆူး ကတော့ တိုက်ကို့ကို အရိပ်တကြည့်ကြည့်နဲ့ အိမ်ပေါ်သို့ တတ်သွားလေရာ
ဧည့်ခန်းထဲတွင် ဟယ်ရီ တိုက်ကို နှင့် မာရီဆူးတို့သာကျန်ခဲ့လေသော်..."သားတိုက်ကို..အန်တီမရှိတုန်း..ဟယ်ရီသေချာချက်ကျွေးရဲ့လား.."
တိုက်ကိုက ပြုံးစိစိနှင့်
"ဟုတ်မာမီ..ဟယ်ရီကအချက်အပြုတ်တော်တယ်..နေ့တိုင်းမရိုးရဘူး.."ဤသည်မှာအလိမ်အညာ..ဟယ်ရီချက်ကျွေးတာကို ဒီမနက်ပဲစားရသေးသည်...
ပထမရက် သူဘာသာသူ အရက်သောက်ပြန်လာသည်။
ဒုတိယရက်ခေါက်ဆွဲနှင့်ညားသည်။
ဒီညကျ ခီယန့်ကိုစိတ်တိုလာ၍ ဘာမှမစားရသေးပါ...."တော်ပါသေးတယ်..မာမီက အဲ့တာပဲစိတ်ပူနေတာ.."
"ဟုတ်မာမီ..ခရီးကအခုမှပြန်လာတာဆိုတော့ နားလိုက်ပါဦး..""အင်း..ဟုတ်တယ်..နားရင်းနဲ့..မင်းဦးလေးကိုလည်းစောင့်ရဦးမယ်လေ.."
"ဟုတ်ဒါဆို..ကျတော်နဲ့ဟယ်ရီလဲနားတော့မယ်..""ဟမ်!!"
"ဟမ်!!"တိုက်ကိုပြာယာခတ်သွားပြီး
"အာ...ကျတော်ရောဟယ်ရီရော အလုပ်လုပ်ထားတာဆိုတော့..နားတော့မယ်လို့ပြောတာပါ.."
"အေးပါကွယ်.."

ВЫ ЧИТАЕТЕ
Stuck With You (မင်းနဲ့ငြိတွယ်မိပြီ)
МистикаThis fiction is my first creation.. Script(except from true story) and dialogues are just my imagination..I have no idea to insult anyone