Unicode💜
"လာ..ဟယ်ရီ ကိုယ့်လက်ကိုကိုင်ထား.."
တိုက်ကိုကမ်းပေးတဲ့ လက်ကိုဆုပ်ကိုင်ကာshipပေါ်ကို တတ်လိုက်တဲ့ ဟယ်ရီ..
ဗီးနပ်စ်၊ချင်းလီ၊သူနဲ့တိုက်ကိုမှလွဲဘယ်သူမှပါမလာ,.ဗီးနပ်စ်က ပုံမှန်နေ့တွေနဲ့ဘာမှမဆိုင် အလွန့်အလွန်ကိုလှနေသည်။ အနီရောင်ဖဲသားဝတ်စုံဖြင့်ပြည့်စုံတင့်တယ်နေသည်။သူမထုံးစံအတိုငိးရင်ဘတ်တော့လှစ်ဟာကာ ဆံပင်ဖျားလျားချထားသည်။
Shipကြီးက ပင်လယ်ပြင်ကိုတဖြည်းဖြည်းဖြတ်မောင်းကာ အရှေ့တွက်လင်းပိုင် အုပ်တစ်အုပ်က ရှေ့ကပြေးနေရာ..မကြာမီ ရေထဲမှခရင်းခွကိုင်ထားသော လူနှစ်ယောက်ရေပေါ် ပေါ်လာပြီး သူတို့နောက်တွင်လည်း...ရေငုပ်သေင်္ဘာ ပုံစံ ဖန်သားအတိဖြင့်ပြုလုပ်ထားသော ယာဉ်တစ်ခုလည်းပေါ် လာလေရာ..
"အရှင်မြတ်နဲ့ အရှင်မကို အကြိုတော်လွှတ်လိုက်တာပါ.."
ထိုshipကနေ အောက်ချေသို့ လှေကားအတိုင်းဆင်းကာ ထိုရေယာဉ်ပေါ်သို့တတ်ကာနေရာယူကြမည်လော..
"ဟယ်ရီ..ဖြေးဖြေးဆင်း."
တိုက်ကိုက ရေယာဉ်ပေါ်အရင်ဆင်းသွားကာ အောက်ကနေဟယ်ရီ့ကိုထိန်းပေးနေသည်။
ဗိးနပ်စ်ကိုလည်း ချင်းလီက ထိန်းပေးရသည်။
လေးယောက်စလုံးယာဉ်ပေါ်ရောက်မှ..."ဒါဆို ယာဉ်တော်ထွက်ပါတော့မယ် အရှင်မြတ်တို့.."
ဆိုကာ ထိုရေယာဉ်ကြီးကို ငါးအုပ်ကြီးတစ်အုပ်က ဦးဆောင်ကာ ပင်လယ်ကမ်းခြေအောက်သို့ဆင်းသက်လေသည်။
ထိုမြင်ကွင်းက ဗီးနပ်စ်တို့အတွက်မဆန်းသော်လည်း..ဟယ်ရီ့လို လူသားဖို့တော့ ပထမဆုံးပင်..ပြာလဲ့လဲ့ ပင်လယ်ကြီးရဲ့အောက်ခြေက အရောင်စုံနေသည်။
ဤသည်မှာ သန္တာကျောက်တန်း နှင့် ပင်လယ်အတွင်း ကျက်စားကျသော သတ္တဝါတို့ကြောင့်။
တမျှော်တခေါ်ဖန်သားပြင် ကိုကျော်ကာ ကြည့်နေသောလူသားလေး..
"လှလားဟယ်ရီ.."
"အင်း..အရမ်းမိုက်တယ် ဒါမျိုးပထမဆုံးမြင်ဖူးတာ ငါးပြတိုက်နဲ့ဘာမှကိုမဆိုင်ဘူး.."
![](https://img.wattpad.com/cover/289006790-288-k13288.jpg)
ESTÁS LEYENDO
Stuck With You (မင်းနဲ့ငြိတွယ်မိပြီ)
ParanormalThis fiction is my first creation.. Script(except from true story) and dialogues are just my imagination..I have no idea to insult anyone