Unicode💜
ဆူရီလင်းက ဟယ်ရီ့အားဖက်လိုက် မျက်နှာလေးကိုတယုတယကိုင်လိုက်နဲ့ ဗျာများနေသည်။
"အန်တီက ကျတော့်အမေဆိုဘာလို့ ဒီကိုရောက်နေတာလဲ သေမင်းတမန်မဆိုလည်း ဘာလို့အကိုခီယန်ဖမ်းထားတာခံနေရတာလဲ?"
ဆူရီက ဟယ်ရီရဲ့လက်နှစ်ဖက်ကို သေချာဆုပ်ကိုင်လိုက်ပြီး,...
"သားလေး...အမေ့သားလေးတောင်ဒီအရွယ်ရောက်နေပြီပဲ..အမေသေချာရှင်းပြမယ်နားထောင်နော်..."
"ဟုတ်"
"အမေကသေမင်းတမန်မတစ်ယောက် သေခါနီးဝိညာဥ်တွေရှိရင် အမေတို့ကအဲ့နေရာကိုသွားပြီး အဲ့လူဘာတွေမကောင်းတာလုပ်ခဲ့တယ် ကောင်းတာလုပ်ခဲ့တယ် မှတ်တမ်းတွေယူပြီး နောက်ဆုံးအဲ့လူဘယ်လိုသေလဲဆိုတာကိုရေးရတယ် ဥပမာ အသက်(၂၅)အရွယ်မိန်းကလေးတစ်ယောက်က သူရဲ့သေနေ့စေ့ပြီဆိုရင် အမေတို့ကအဲ့အမျိုးသမီးဆီသွား ရောဂါနဲ့သေတယ်ဆိုရောဂါနဲ့ဘယ်လိုသေတယ် မတော်တဆဆို ဘယ်လိုသေတယ်..အဲ့လိုသေမင်းမှတ်တမ်းရေးပေးရတယ်.."
"ဒါဆို အကိုခီနယ်ကအမေ့ကို တမင်ယုတ်မာပြီးဖမ်းထားတာလား.."
"ငါ့သားက သားအဖေလိုစိတ်မြန်လက်မြန်လေးပဲ..
အမေပြောတာနားထောင်ပါဦး သားငယ်လေးရဲ့.
အမေက သေမင်းလောကမှာသက်တမ်းအမြင့်ဆုံးထဲပါတယ်..တစ်နေ့ အမေတို့ဆီမှာပြသနာဖြစ်ကြတယ်..ကောင်လေးတစ်ယောက်ကအောက်လမ်းအတတ်တွေနဲ့ကစားပြီးသေသွားတယ် တနည်းပြောရရင်ဝိညာဥ်အနှုတ်ခံရတာပေါ့ အမေတို့စည်းကမ်းအရအောက်လမ်းအတတ်နဲ့ဆုံးပါးတဲ့သူဆို နောက်တစ်ဘဝကိုမကူးပေးဘူး
ဒါပေမဲ့ အဲ့အချိန်တုန်းက မကောင်းဆိုးဝါး
ဒီထရွိုက် ကြောင့်သေမင်းတွေလဲသေကုန်ကြတာမို့ သေမင်းအလုံအလောက်မရှိလို့အဲ့ကလေးကို သေမင်းလုပ်ဖို့ကမ်းလှမ်းခဲ့ကြတယ်..
အဲ့ကောင်လေးက လက်ခံခဲ့တယ်...
ဒါပေမဲ့ ဘယ်သူမှသူ့ကိုလက်ထောက်အဖြစ်မသင်ပေးချင်ကြဘူး...သူကအပယ်ခံဖြစ်နေခဲ့တယ်..""ဘာလို့လဲ..ဘာလို့အပယ်ခံဖြစ်နေတာလဲ?"
"ဘာလို့ဆို အောက်လမ်းအတတ်နဲ့သေလွန်သူမို့လို့လေ...အဲ့တော့အဲ့ကောင်လေးက အလုပ်မလုပ်ဘဲလျှောက်သွားနေခဲ့တာ လူတွေကိုလိုက်စလို့ပြသနာတွေဖြစ်ကြသေးတယ်။တခြားသေမင်းတွေကလည်း သူ့ကိုအပြစ်ဝိုင်းတင်ကြတယ် သရော်ကြတယ်။
မနေနိုင်တဲ့အဆုံး အမေကသူ့ကိုလက်ထောက်အဖြစ်ထားဖို့ဆုံးဖြတ်လိုက်ပြီး ယမမင်းကိုခွင့်တောင်းခဲ့တယ်..."
VOUS LISEZ
Stuck With You (မင်းနဲ့ငြိတွယ်မိပြီ)
FantastiqueThis fiction is my first creation.. Script(except from true story) and dialogues are just my imagination..I have no idea to insult anyone