Episode( 18) Sweetheart💜

302 30 0
                                    

Unicode💜

"ဘာလို့ဟယ်ရီ့ရဲ့အဖေကိုသတ်လိုက်တာလဲ အရှင်ခီယန်?"

ကားနောက်ခန်းမှ ခီယန်က ပြတင်းပေါက်ကိုငေးရင်းထရီလေသည်။

"ဘာလို့ရုတ်တရက်ကြီး ထမေးတာလဲ"

ဟာလေကတော့ ကားလဲမောင်းကာဘက်မှန်ထဲက ခီယန့်အားငေးနေ..

"မင်း ဟယ်ရီ့ကို သေမင်းမှတ်တမ်းထဲ
ထည့်ရေးနေ့ကိုမှတ်မိလား"

ထိုနေ့အား ဟာလေဘယ်မေ့နိုင်ပါ့မလဲ သူ့အားဘဝပြောင်းခဲ့သောနေ့ဖြစ်ရာ..
"မှတ်မိပါတယ် အရှင်ခီယန်"

"အဲ့နေ့က ငါnoteထဲပြောင်းရေးလိုက်တဲ့ကားသမားက ဟယ်ရီ့ကိုကားတိုက်ပြီး လုပ်ကြံဖို့ သူ့အဖေလွှတ်ထားတာလေ"
"ဟင်..သူ့အဖေက.."

"အင်း..အဲ့တိုနီ(Tony)လွှတ်ထားတာ.."
"သူကိုယ်တိုင်မွေးစားထားတာမလား
ဟယ်ရီ့ကို..?"

"ဟုတ်တယ်..ဒါပေမဲ့ ဟယ်ရီကအသက်၁၉ရောက်ရင် သူ့ပိုင်တဲ့အမွေအကုန်လွှဲပေးရမှာလေ..တကယ်လို့ ဟယ်ရီသေသွားရင်.."

"အမွေတွေမလွှဲရတော့ဘူးပေါ့ တိုနီက အမွေတွေမက်လို့ သူ့ကိုမွေးစားခဲ့တာလား"

"ဂေဟာမှာတုန်းက သာမန်မိဘမဲ့လိုထားထားတာ မွေးစားပြီး (၂)နှစ်မှ ဟယ်ရီ့အမွေတွေအကြောင်းအသိပေးပြီးလွှဲခဲ့တာ အခုတော့အဲ့တာကိုလောဘတတ်ပြီးသူကိုယ်တိုင်မွေးစားထားကလေးကိုသတ်ဖို့လုပ်နေတာလေ.."

"အရှင်ခီယန်ကရော..ဘာလို့လဲ..အတိတ်ကကိစ္စကြောင့်ဆိုပြီး ဒီကလေးကိုစောင့်ရှောက်နေတာလား အရှင်ချိုးဖျက်ခဲ့တဲ့ လောကစည်းကမ်းတွေများပြီနော်"

ခီယန်က သူ့ရင်ဘတ်က မီးကျွမ်းတဲ့ဒဏ်ရာကိုပွတ်သပ်လိုက်ကာ...

"ငါနောင်တမရဘူး အဲ့ကလေးလုံခြုံဖို့ ငါက လောကကြီးရဲ့အမုန်းခံ...သူကိုယ်တိုင်ရဲ့အမုန်းခံဖြစ်သွားတောင် ပျော်ပျော်ကြီးဆက်ကာကွယ်မှာပဲ....
ဘာလို့ဆို သူကငါ့ရဲ့ကမ္ဘာပဲ..ငါ့ကမ္ဘာလေးကိုငါကာကွယ်တာမှားလား"

"ဟယ်ရီ့အမေကိစ္စကြောင့်အခုထိ အပြစ်ရှိတယ်လို့ခံစားနေရတာလား..?"

"မဟုတ်ပါဘူး...မိဘတွေမရှိတော့လို့ ငါကူညီခဲ့တာမှန်တယ်် ဒါပေမဲ့ ကြာလာတာနဲ့အမျှ အဲ့ကလေးကိုတွယ်မိတဲ့ သံယောဇဉ်က ဖြတ်ဖို့မဖြစ်နိုင်တော့ဘူး"

Stuck With You (မင်းနဲ့ငြိတွယ်မိပြီ)Donde viven las historias. Descúbrelo ahora