Episode( 17 ) Boy In Suit💜

281 28 3
                                    

Unicode💜

"သေချာတယ်...မင်းက..မင်းအမေသေမင်းတမန်မ ဆူရီလင်း(Suri Lynn)ရဲ့..
အပြောင်မြောက်ဆုံး..ဖန်တီးမှုဖြစ်မယ်.."

တိုက်ကိုပထမဆုံးအကြိမ် မြေအောက်လောကသားကို ချီးကျုးမိခြင်းဖြစ်သည်။
ငိုရလွန်း၍မောသွားတယ်ထင်သည်.အသံတိတ်သွားသဖြင့်...

"ဟယ်ရီ...လာ..ဆေးရုံပြန်ရအောင်.မာမီနဲ့ မမကို..အခြေအနေကြည့်ရဦးမယ်လေ..နော်"

"အ.အင်း"
တိုးတိုးလျလျအသံလေးနဲ့ပြန်ဖြေ၏။

ရုံးခန်းအပြင်မှာစောင့်နေတဲ့ ချန်းလီကလည်းပြန်တော့မယ်ဆို၍ လိုက်ပို့ပေးလေသည်။ဓာတ်လှေကား အဝင်တွင် ဗီးနပ်စ်နဲ့တွေ့ရာ..

"ပြန်တော့မလို့လား..."

တိုက်ကိုကိုက သူ့ဘေးမှအားပြတ်နေတဲ့တဲ့ လူသားကိုမေးငေါ့ပြသော်..

"အော်..အကိုတော်..အဆင်ပြေမဲ့တစ်ရက်လောက်တွေ့ရအောင်."

"အင်း..အခုတော့လုပ်စရာတွေရှိသေးတယ်"

"ဟုတ်ကဲ့..ချန်းလီ..အကိုတော့်ကိုလိုက်ပို့ပေးလိုက်.."
"ဟုတ်ကဲ့ပါအရှင်မ"
ဆိုကာ ဆေးရုံကိုပြန်ပို့ပေးတဲ့ချန်းလီ။သူ့အားနှုတ်ဆက်ပြီး ဆေးရုံထဲရောက်တော့ မေမေနဲ့ မမက နိူးနေပြီ။

"ဘယ်တွေသွားနေတာလဲ သားဟယ်ရီနဲ့တိုက်ကို?"

ဒေါ်မာရီဆူး ကုတင်ကိုမှီကာ မျက်ရည်ဆက်လက်နှင့်မေးနေလေရာ..
တိုက်ကိုက သူမယောကျာ်းအမှုနှင့်ပတ်သတ်တာတွေအားရှင်းပြလိုက်လေသည်။
သားအမိနှစ်ယောက်လုံးငိုသာငိုနေကြသည်။

ဟယ်ရီကတော့ အငိုတိတ်သွားသော်လည်း ငြိမ်နေဆဲ..
"မေမေသားတို့အိမ်ပြန်ပြီးလုပ်စရာရှိတာတွေလုပ်ရအောင်"

ဆူးမိသားစု Taxiနဲ့အိမ်ပြန်လာကာ စျာပနအတွက် ပြင်ဆင်စရရှိတာတွေ ပြင်ဆင်နေစဥ် ရဲစခန်းမှ ဖုန်းဆက်လာသည်...

"ဟယ်လို ဆူးအိမ်တော်ကလား?"
"ဟုတ်ပါတယ် ကျမ မာရီဆူးပြောနေတာပါ.."
"ဟုတ်ကဲ့ ကျတော်တို့အလောင်းကို ဒီညပဲရင်ခွဲစစ်ဆေးမှာဖြစ်တဲ့အတွက် မနက်ဖြန်မနက်ဆိုရပါပြီ "
"ဟုတ်ကဲ့ရှင့်"

Stuck With You (မင်းနဲ့ငြိတွယ်မိပြီ)Onde histórias criam vida. Descubra agora