Unicode💜
"ယုန်ကလေးရေ ဒီနေ့ကစ မင်းနာမည်က ဘယ်ရီနော်"
ယုန်ကလေးကိုပိုက်ကာပျော်ရွှင်နေတဲ့
လူသား..."ဟယ်ရီ ကိုယ်မေးစရာရှိတယ်.."
တိုက်ကို့ မျက်နှာကိုသေချာစိုက်ကြည့်ကာ
"ဘာလဲ မေးလေ"
"ကိုယ့်ကို..ချစ်လား?"ဟယ်ရီကထိုမေးခွန်းကိုကြားပြီး မျက်မှောင်ကုတ်လိုက်ပြီး
"ဘာလို့ မေးတာလဲ"
"သိချင်လို့လေ""မချစ်ပါဘူး"
ခေါင်းတယမ်းယမ်းနဲ့ ထိုလူသား မေးတဲ့သူအား အားမနာ.."မဟုတ်ပဲနဲ့.."
"တကယ်ပြောတာ..""လိမ်နေတာ"
"တကယ်မချစ်ပါဘူးဆို"ဒီကလေးသူ့ကိုရွဲ့နေသည်လား အတည်လား...
"ဒါဆိုဘာလို့လက်ခံခဲ့သေးလဲ.."
"အမ်...Playboy မို့လို့"
"ဟမ်?playboyကဘာလဲဘယ်သူလဲ""အော် playboyဆိုတာ ကစားတဲ့ကောင်လေး..."
"ဟမ်..ဘယ်သူက ကစားတာလဲ""အဟား...တကယ်ခင်ဗျားပိန်းတာပဲ"
ပြောပြောဆိုဆိုနှင့် ယုန်ကလေးဘယ်ရီကိုဗီုက်ပေါ်တင်ကာ လှဲနေရင်းမကြာခင်အိပ်ပျော်သွားတော့လေသည်။ တိုက်ကိုကတော့ သူ့အားစောင်ခြုံပေးရာ ယုန်ကလည်းဟယ်ရီ့ကိုယ်ပေါ်မှဆင်းကာ ခေါင်းအုံးဘေးနားတွင်အိပ်နေလေသည်။
မာမီနဲ့မမတို့ ဟိုဘက်အိမ်မှာအိပ်မည်ထင်သည်။ဗီးနပ်စ်က လာဘ်ထိုးလိုက်တာနဲ့ ပြီးပြည့်စုံအောင်လုပ်ပေးတော့တယ်။
ဟိုတွေးဒီတွေးနဲ့ ညဥ့်နက်တော့ဟယ်ရီ့ဘေးဝင်ကာ အိပ်ရင်း ညတစ်ညကိုဖြတ်သန်းလေတော့သည်။မနက်မိုးလင်း ဟယ်ရီမနက်(၈)နာရီနိူးလာတော့ အိပ်ယာပေါ်မှာဘယ်ရီနဲ့သူသာရှိ၏။
တိုက်ကိုဘယ်ရောက်နေလဲ မသိ။အိမ်အောက်ကိုဆင်းကြည့်တော့ သူ့အတွက် ကော်ဖီဖျော်ထားကာ burgerနှစ်လုံးတင်ထားသည်။ ဘေးမှာလဲစာရွက်တစ်ရွက်..စာထဲတွင်ရေးထားသည်မှာ
"ကိုယ့်အသဲလေးရေ..ကိုယ်အလုပ်ရှိလို့ ခဏအပြင်သွားတယ် မနက်စာပြင်ပေးထားခဲ့တယ် အဲ့ဒါစားပြီးကိုယ့်ကိုစောင့်နေနော်.....ချစ်တယ်🧡
ဟယ်ရီလေးရဲ့ချစ်လှစွာသော
တိုက်ကို"
![](https://img.wattpad.com/cover/289006790-288-k13288.jpg)
VOCÊ ESTÁ LENDO
Stuck With You (မင်းနဲ့ငြိတွယ်မိပြီ)
ParanormalThis fiction is my first creation.. Script(except from true story) and dialogues are just my imagination..I have no idea to insult anyone