EPISODE - 4

3.9K 509 69
                                    


EPISODE - 4 (Unicode )

" ဦးလေးကြီး သမီး ထမင်းလာပို့တာပါ "

အခန်းအပြင်ဘက်မှ အသံကြောင့် ဂျောင်ဂု တံခါးဖွင့်ကြည့်သည်။ သူတံခါးဖွင့်လိုက်ချိန် အိမ်ရှင်အဒေါ်ကြီး သမီးက ထမင်းစားပွဲအသေးတစ်ခုပေါ်တွင် အငွေ့တထောင်းထောင်း ထမင်းဟင်းပန်းကန်များတင်လျှက် စားပွဲလိုက်ကြီးမကာ သယ်ယူလာသည်။

" ဟာ လေးနေတော့မှာပဲ။ ကြမ်းပြင်ပေါ် မြန်မြန်လေးချလိုက်။ ဦးလေးကြီး ကိုယ့်ဘာသာ အခန်းထဲရွေ့ယူမယ် "

ဂျောင်ဂု ပြာပြာသဲသဲဖြင့် စားပွဲအသေးလေးကို အခန်းဝမှာ အရင်ချစေလိုက်ပြီး သူ့အခန်းထဲရောက်သည်အထိ ကိုယ်တိုင်ရွေ့ယူလိုက်သည်။ ကလေးမက ထမင်းဝိုင်းလာပို့ပြီး လှည့်ပြန်တော့မည့်ဟန်ပြင်မှ ဂျောင်ဂု လက်ကာပြရင်း လှမ်းတားလိုက်သည်။

" ခဏလေး ထယ်ယွန်း။ ဦးလေးကြီး မင်းကို မေးစရာရှိသေးလို့ "

ဂျောင်ဂု လှမ်းတားလိုက်တော့ ကလေးမက တစ်စုံတရာ စိုးထိတ်ဟန်ဖြင့် တွန့်ဆုတ်တွန့်ဆုတ် ပြန်လှည့်လာသည်။ ဂျောင်ဂု အခန်းထဲအထိ မဝင်ရဲပြန်၍ အပေါက်ဝမှာ မတ်တပ်ရပ်ရင်း-

" ဟုတ်ကဲ့ မေးပါ ဦးလေးကြီး "

လူကြောက်တတ်ပုံရသော ထယ်ယွန်းက ဂျောင်ဂုမျက်နှာကို စေ့စေ့မကြည့်ရဲဘဲ ခေါင်းငုံ့ထားသည်။ သူ့ပုံစံက ကြောက်စရာပုံစံ မရှိပါဘဲ အဘယ်ကြောင့် အကြောင်းမဲ့ကြောက်နေသည်ကိုတော့ ဂျောင်ဂု နားမလည်နိုင်ခဲ့။

" နောက်တစ်ခါ ထမင်းစားရင် ဦးလေး ထယ်ယွန်းတို့မိသားစုနဲ့အတူ ထမင်းလာစားလို့ ရမလား။ သီးသန့်ကြီး လာပို့နေရတာ အလုပ်ရှုပ်တယ် "

ကလေးမက သက်ပြင်းချရင်း ခေါင်းခါယမ်းပြသည်။ ကလေးမ အမူအရာအရတော့ ထမင်းအတူဝိုင်းဖွဲ့စားရန် ဖြစ်နိုင်ပုံမရ။ ဂျောင်ဂုကတော့ လူလူချင်း ထမင်းတစ်ဝိုင်းတည်း အတူစားသည်က သာမန်ဟုသာ ယူဆနေဆဲ။

" ဟင့်အင်း မဖြစ်ဘူး။ ဦးလေးကြီးစားတဲ့ ထမင်းနဲ့ဟင်းတွေက ဦးလေးအတွက်ပဲ သီးသန့်ချက်ပေးထားတာ။ သမီးတို့အခြေအနေနဲ့က ဒါမျိုး ထမင်းဟင်းတွေ ချက်မစားနိုင်ဘူး​ေလ။ ဦးလေး သမီးတို့နဲ့ ထမင်းလာစားရင် ဘာမှမသိတဲ့ ထယ်ဆူလေးက ဦးလေးဟင်းတွေ လာလုစားနေလိမ့်မယ် "

The Guest- ဧည့်သည် (KookV/ Completed)Where stories live. Discover now