EPISODE - 13 (Unicode)
" ကိုကြီးနဲ့ ဦးဦးတို့နှစ်ယောက် ချိန်းတွေ့ပြီးပြန်လာကြတာလား "
အိမ်ထဲဝင်ဝင်ချင်း ကွပ်ပျစ်မှာထိုင်လျှက် ခရီးဦးကြိုစကားဆိုလာသော ထယ်ဆူလေး..။ ရုတ်တရက်ကြီးမို့ ထယ်ယောင်းတို့ နှစ်ယောက်သား ထူပူသွားကာ ဖြေရှင်းဖို့ သတိရမိဘဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ေကြာင်အန်းအန်းဖြစ်ရသည်။
ဒီကလေးလေး သူတို့ကို ကြိတ်သဘောတူနေတာ သူတို့လည်း သိပြီးဖြစ်သည်။ သို့သော် ရုတ်တရက် ထထမေးလာသည့် မေးခွန်းတို့က ရှိုးတိုးရှန်းတမ်းဖြစ်သွားစေသည်မို့ တစ်ကိုယ်လုံးထူပူကာ ပြန်ဖြေရှင်းဖို့တောင် စကားစပျောက်ရသည်အထိ။
တစ်ကိုယ်လုံးထူပူပြီး အလိုလိုနေရင်း မလုံမလဲပုံစံပေါက်နေပြန်တော့ ထယ်ဆူလေးက စုံထောက်မျက်လုံးဖြင့် သေချာအကဲခတ်ကြည့်နေပြန်သည်။ ဒီကလေးရှေ့ ကြာကြာနေလျှင် နှစ်ယောက်လုံး အငွေ့ပျံတော့မည့် အခြေအနေမို့ ဂျောင်ဂုကပင် အဖြေကိုအမြန်စဥ်းစားရင်း ကလေးကျေနပ်အောင် ဆင်ခြေပေးလိုက်ရသည်။
" ချိန်းတွေ့ပြီး ပြန်လာရအောင် ဦးဦးတို့က ရည်းစားတွေမှမဟုတ်တာကွ။ ရည်းစားမဟုတ်ဘဲ ဒီအတိုင်း အပြင်မှာတွေ့ရင် ချိန်းတွေ့တယ်လို့ မခေါ်ဘူး။ ချိန်းတွေ့တာက ရည်းစားတွေပဲ ချိန်းတွေ့လို့ရတာ "
လူကြီးက သေချာရှင်းပြပြန်တော့ နားလည်သလိုလို ခေါင်းတညိမ့်ညိမ့်ဖြင့် နားထောင်ပြန်ပါသော အနှီကလေးငယ်ကြောင့် ထယ်ယောင်း နှစ်ယောက်သား သဘောကျပြီး ရယ်မိပြန်သည်။ တစ်ခါတလေ လည်လွန်းသည့် ကလေးလည်း သူမသိသည့်ကိစ္စဆို လူကြီးပြောသမျှ ယုံပေးရတတ်သည်။
" သြော် အဲ့လိုလား ဒါဆိုလည်း မြန်မြန်လေး ရည်းစားလုပ်လိုက်ကြပါလား။ တစ်ခါလောက်ဖြစ်ဖြစ် ဦးဦးနဲ့ သားကိုကြီးကို ချိန်းတွေ့ခို်င်းချင်လို့ "
ပထမပြဿနာကို ဖြေရှင်းပြီးသော်လည်း နောက်တစ်ရစ်ထပ်ကြပ်လာပြန်သော ဂျပန်မူလီလေးကြောင့် ထယ်ယောင်းနှင့် ဂျောင်ဂုတို့ ဇောချွေးပင်ပျံချင်လာသည်။ လူကဖြင့် လက်တောင့်လောက်လေးနဲ့ လူကြီးတွေကို အနေခက်အောင် သိပ်ပြောတတ်လွန်းသည်။