SPECIAL EP 1

1.4K 143 5
                                    

The Guest
SPECIAL EPISODE- 1
(Unicode Ver)

၂၀၀၀ပြည့်နှစ် နွေဦးရာသီ။
တရိပ်ရိပ်တိုးတက်လာတဲ့ နိုင်ငံ့စီးပွားရေးနဲ့အတူ အဆင့်မြင့်အိမ်ရာ စီမံကိန်းတွေက အတန်အသင့် စည်ကားစပြုလာတဲ့ မြို့နယ်လေးတွေအထိ အခြေချနေရာယူလာခဲ့တယ်။

အိမ်ရာစီမံကိန်းကြောင့် ဖျက်သိမ်းရမယ့် ဧရိယာမှာ ကျွန်တော်တို့ ကော်ဖီဆိုင်လေးလည်း ပါဝင်ခဲ့ပြီး ဒီနေ့တော့ အပြီးသတ် ဖြိုချတော့မယ့်နေ့ ရောက်လာခဲ့ပြီ။

"Bronish Cafè" ဆိုတဲ့ ဆိုင်းဘုတ်လေးကိုဖြုတ်ချရင်း ကျွန်တော့်ဆီယူလာပေးနေတဲ့ ဆောက်လုပ်ရေးလုပ်သားကိုတစ်လှည့် ကျွန်တော့်ဘဝရဲ့ အသက်မွေးဝမ်းကြောင်းတစ်ခု စတင်ခဲ့ရာ ကော်ဖီဆိုင်လေးကိုတစ်လှည့် တိတ်ဆိတ်စွာငေးကြည့်နေခဲ့မိတယ်။

သိပ်မကြာခင်နှစ်တွေမှာ စာတိုက်ရုံးလေးရှေ့က မြင်ကွင်းဟာ အိမ်ရာအသစ်တစ်ခုရဲ့ ထိုးထိုးထောင်ထောင် တိုက်ခန်းတွေကို မြင်ရတော့မယ်။ မြေပိုင်ရှင်တွေနဲ့ ထိုက်သင့်တဲ့ ညှိနှိုင်းမှုတွေအပြီးမှာ ကော်ဖီဆိုင်လေးနဲ့ အနီးဝန်းကျင်အားလုံးဟာ အိမ်ရာဆောက်လုပ်ဖို့ အဆင်တပြေဖြစ်လာခဲ့တယ်။

ဆိုင်ပိုင်ရှင်ဖြစ်ခဲ့ဖူးတဲ့ အစ်မဂျူယွန်းဟာ ဆိုင်လျော်ကြေးကိုတောင် ပြန်လာမယူတော့တဲ့အထိ ကိုရီးယားမြေကို ခြေပြန်မချခဲ့ပါ။ သတင်းထပ်ကြားရတာက သူ့ခင်ပွန်းနဲ့ပြေလည်မှုရခဲ့ပြီး သင်္ဘောမှာအတူလိုက်ရင်း ကမ္ဘာပတ်နေလေသတဲ့။

အစ်မဂျူယွန်း ဘာမှဝင်မစွက်ဖက်တော့တာကြောင့် ဆိုင်နီးနားချင်းတွေရဲ့ ဆန္ဒနဲ့ထပ်တူ ကျွန်တော်လည်း ဆိုင်လေးကိုခွဲခွာဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီနေ့ဟာ ကျွန်တော်တို့ဆိုင်လေးကို နောက်ဆုံးမြင်ရတဲ့ နေ့ပဲ။

" ထယ်.. ဘာလို့ မျက်နှာလေးညှိုးနေရတာလဲ။ ဒီဆိုင်လေးမရှိတော့ရင်လည်း ကိုယ်နဲ့ ဆိုင်အသစ်မှာ အတူတူ အလုပ်လုပ်လို့ ရသေးတယ်လေ။ ဘာပဲဖြစ်ဖြစ် မင်းမြတ်နိုးတဲ့အလုပ်ကို ဆက်လုပ်သွားရမှာပဲမဟုတ်လား "

တမျောတသခြင်းများစွာနဲ့ ဆိုင်လေးဆီငေးကြည့်နေတဲ့ ကျွန်တော့်ကို အစ်ကိုက ပခုံးလေးခပ်ဖွဖွပုတ်ရင်း နှစ်သိမ့်စကားဆိုလာတယ်။ ဒါပေမယ့် တစ်နှစ်ကျော်လောက် ကျင်လည်ခဲ့ရတဲ့ ဒီဆိုင်လေးကို သံယောဇဥ်မဖြတ်နိုင်သေးတဲ့ ကျွန်တော်ဟာ အခုအချိန်ထိ ရီဝေစွာ ငေးကြည့်နေမိဆဲ။

The Guest- ဧည့်သည် (KookV/ Completed)Where stories live. Discover now