EPISODE - 19

2.6K 344 16
                                    

EPISODE - 19 (Unicode)

အစ်ကိုဂျောင်ဂုကို နှုတ်ဆက်ပြီး ကျွန်​ေတာ်ဆိုင်ထဲဝင်လာတော့ အကင်းပါးလွန်းတဲ့ အစ်မဂျူယွန်းရဲ့ စုံထောက်ဆန်ဆန်အကြည့်က ကျွန်တော့်ကို အတော်လေးေနရခက်စေတယ်။ မလုံမလဲမျက်နှာမျိုးမဖြစ်ရအောင် ဟန်ဆောင်ထားတဲ့ကြားက အရေးထဲ ဒူးကတုန်ချင်လာသေး။

" ငါ့မောင်တောင် ဆိုင်ကယ်နဲ့ အလုပ်လိုက်ပို့မယ့်သူတွေဘာတွေ ရှိနေပြီပဲ။ ဒါလည်း တစ်မျိုးကောင်းပါတယ်။ စက်ဘီးမနင်းလာရတော့ မင်းသက်သာတာပေါ့။ လိုက်ပို့ပေးတဲ့လူကလည်း စေတနာပါတဲ့ပုံပါပဲ။ ပြုံးရွှင်နေတဲ့ မျက်နှာတွေကိုကြည့်ရင် တကယ်သိသာတယ် "

ထင်တဲ့အတိုင်း ပြုံးစိစိမျက်နှာနဲ့ ကျွန်တော့်ကို စလာပြန်တဲ့ အစ်မဂျူယောင်း..။ သူ​ပြောတဲ့စကားက ရိုးရိုးလေးပေမယ့် ကိုယ့်ကိုယ်ကိုယ် မလုံမလဲဖြစ်နေတဲ့ ကျွန်တော်ဟာ ရှက်တဲ့စိတ်ကို မျက်နှာမှာပေါ်အောင် ဖော်ပြနေမိခဲ့တယ်။

" ဟယ် ဘာမှတောင်မပြောရသေးဘူး မျက်နှာလေးက ချက်ချင်းရဲတက်လာပြီ။ မင်းသာ တိတ်တိတ်လေး ရည်းစားထားဖြစ်ရင် ဒီလိုရှက်တတ်ပုံမျိုးနဲ့ ရိုက်မစစ်ရဘဲ အကုန်ပေါ်ပြီး တစ်ရပ်ကွက်လုံးသိတော့မယ့်ကိန်းပဲ "

အစ်မဂျူယွန်းပြောတာ တကယ်မှန်ပါတယ်။ တကယ်လည်း ကျွန်တော်က ဟန်ဆောင်ကောင်းတဲ့လူမျိုးမဟုတ်တော့ ဖုံးဖိထားရတဲ့ ကိစ္စမျိုးဆို စိတ်ကအလိုလို မလုံမလဲခံစားနေရတတ်တာ။ အထူးသဖြင့် အစ်မဂျူယွန်းလို အကင်းပါးလွန်းတဲ့သူမျိုးနဲ့ဆို ပိုပြီးမလုံမလဲဖြစ်ရတယ်။

" ကျွန်တော်က ရှက်တတ်တာ မဟုတ်ပါဘူး အစ်မရယ်။ တစ်ခုခုကို လူမသိအောင် ဖုံးကွယ်ထားရတဲ့အခါ အမြဲဒီလိုပဲ ဂဏာမငြိမ်ဖြစ်တတ်တယ်။ အခုလည်း ကျွန်တော့်မှာ ဖုံးကွယ်ထားတာလေးရှိတော့ အစ်မဆီက စုံထောက်မျက်လုံးနဲ့အကြည့်ကြောင့် အခုလိုပုံစံမျိုး ဖြစ်သွားတော့တာပဲ "

သိလာတာ သိပ်မကြာသေးပေမယ့် အစ်မဂျူယွန်းက ယုံကြည်ရတဲ့သူဆိုတာသိလို့ အမှန်အတိုင်းပဲ ပြန်ဖြေလိုက်မိတယ်။ ဘယ်ကိစ္စကို ဖုံးကွယ်ထားသလဲဆိုတာတော့ အစ်မကိုပေးမသိသေးပါဘူး။

The Guest- ဧည့်သည် (KookV/ Completed)Where stories live. Discover now