EPISODE - 20

2.9K 351 35
                                    

EPISODE - 20 (Unicode)

ဒီနေ့က ချာတိတ်​လေး ကြည့်ချင်တယ် ပြောခဲ့ဖူးတဲ့ Titanicဇာတ်ကား ရုံပြန်တင်တဲ့ ပထမဆုံးနေ့..။ တစ်ပတ်​ကျော်လောက် အလိုကတည်းက ခက်ခက်ခဲခဲ တိုးကြိတ်ပြီးဝယ်ခဲ့ရတဲ့ အတွဲခုံ​လက်မှတ်လေးက ဒီနေ့အတွက် သုံးရောသုံးဖြစ်ပါ့မလား။

ဒီနေ့မကြည့်ဖြစ်လည်း နောက်နှစ်ရက်စာအထိ လက်မှတ်တွေရှိသေးပေမယ့် အလုပ်တစ်ဖက်နဲ့ချာတိတ်က ရုပ်ရှင်ကြည့်ဖို့ကို အချိန်ပေးနိုင်ပါ့မလား ထပ်ပြီးတွေးပူရပြန်တယ်။

ပထမသုံးရက်အပြီး နောက်ရက်တွေအတွက်ပါ လက်မှတ်ကြိုဝယ်ချင်ပေမယ့် လေးရက်​မြောက် လက်မှတ်သွားတိုးဝယ်တုန်းက လက်မှတ်မှောင်ခိုရောင်းဖို့ တမင်လိုက်ဝယ်နေတာလားဆိုပြီး အမေးခံလိုက်ရတာမို့ ရှက်ရှက်နဲ့ ဆက်မဝယ်ဖြစ်တော့တာ။

မေးလည်း မေးချင်စရာပဲလေ။ ဘယ်လိုလူက ကြည့်ပြီးသားရုပ်ရှင်ကို သုံး​လေးရက်ဆက်တိုက် ပြန်ကြည့်မှာတဲ့လဲ။ သုံးရက်စာတောင် ရောင်းပေးခဲ့တာကိုပဲ ကျေးဇူးတင်ရတော့မယ်။

ဒီနေ့အတွက် လက်မှတ်မှာပါတဲ့ ပြသချိန်က ညနေခြောက်နာရီ၊ ချာတိတ် အလုပ်ပြန်ချိန်က ရှစ်နာရီဆိုတော့ ဒီနေ့အတွက် နှစ်ယောက်အတူ ရုပ်ရှင်သွားကြည့်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ ဘယ်တတ်နိုင်မလဲ သူ့ဘဝအတွက် အကောင်းဆုံး အလုပ်ကြိုးစားနေတဲ့ ချာတိတ်လေးကို ပျော်ရွှင်မှုတစ်ခုအတွက်နဲ့တော့ အနှောင့်အယှက် မပေးချင်တော့ဘူး။

ကျွန်တော်တို့ အခုလိုတွဲဖြစ်သွားမယ်ဆိုတာ မသိစိတ်ရဲ့လှုံ့ဆော်မှုကြောင့်  ပင်ပင်ပန်းပန်း သွားတိုးဝယ်ခဲ့ရတဲ့ အတွဲခုံလက်မှတ်လေးက ကြိုတင်နိမိတ်ပြခဲ့ပုံပဲ။ ဖြစ်ချင်တော့ နောက်နှစ်ရက်အတွက် လက်မှတ်ဝယ်တော့လည်း အတွဲခုံလက်မှတ်ပဲ ရခဲ့တာလေ။

ဒီလိုတိုက်ဆိုင်မှုလေးတွေကိုကြည့်ရင် ကျွန်တော်တို့မလွဲမသွေ ချစ်သူရည်းစားဖြစ်လာစေဖို့ ကံတရားက သူ့အလိုလို သတ်မှတ်ပေးပြီးသား ထင်ပါရဲ့။ သက်ဆုံးတိုင်ပေါင်းဖက်နိုင်ဖို့ကိုရော ကံတရားက သတ်မှတ်ပေးထားရဲ့လားဆိုတာ ကြိုသိခွင့်ရှိရင် သိပ်ကောင်းမှာ။

The Guest- ဧည့်သည် (KookV/ Completed)Where stories live. Discover now