EPISODE - 12

3.4K 417 9
                                    

EPISODE - 12 (Unicode)

ဘတ်စ်ကားပေါ်က ဆင်းဆင်းချင်း ရှူရှိုက်လိုက်ရတဲ့ လတ်ဆတ်ချိုမြတဲ့ လေနုအေးလေး...။ တိမ်စိုင်တွေလို ပေါ့ပါးလွန်းတဲ့ စိတ်တွေဟာ ညနေခင်းလေပြည်တွေကြောင့် ပိုပြီးရွှင်လန်းသွားသလိုပဲ။

၁၆နှစ်အရွယ်လေးတွေဟာ သစ်ရွက်လှုပ်တာလေးကိုတောင် စိတ်ကစားပြီး ပြုံးမိတတ်ကြတယ်တဲ့။ စိတ်ကစားဖို့တောင် အချိန်မရှိခဲ့တဲ့ ကျွန်တော်ကတော့ အသက်နှစ်ဆယ်ကျော်မှပဲ သစ်ရွက်လှုပ်တာမြင်ပြီး ပြုံးရတော့တယ်။

တစ်ယောက်တည်းပြုံးရယ်ရင်း ရပ်ကွက်ထဲ လမ်းလျှောက်ပြန်လာတဲ့ ကျွန်တော့်ကို တချို့ကတော့ ထူးဆန်းတယ်ထင်မှာ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ပြုံးနေတာ မရပ်နိုင်တော့ဘူး။

" ညီလေးရေ "

ကိုယ့်အတွေးနဲ့ကိုယ် လမ်းဆက်လျှောက်နေရင်း ဆိုင်ကယ်သံနဲ့အတူ ကျွန်တော့်ကို လှမ်းခေါ်လိုက်တယ်ထင်ရတဲ့ ရင်းရင်းနှီးနှီး အသံတစ်ခု...။ ဧကန္တဆိုပြီး နောက်လှည့်ကြည့်တော့ စိတ်ထဲထင်နေတဲ့အတိုင်း ဆိုင်ကယ်တစ်စီးနဲ့ အစ်ကိုဂျောင်ဂုရယ်။

" အိမ်ပြန်မှာမဟုတ်လား အစ်ကို့ဆိုင်ကယ်နဲ့ အတူပြန်ကြမယ်လေ "

ဆိုင်ကယ်ရပ်ရင်း သူ့ဆိုင်ကယ်ပေါ်ကို ပြုံးရွှင်စွာဖိတ်ခေါ်နေတဲ့ အစ်ကို့ကို ကျွန်တော် ဘာစကားမှမ​ပြောသေးဘဲ ဆိုင်ကယ်ပေါ်က အရင်ဆင်းခိုင်းလိုက်တယ်။ အလုပ်ရလာလို့ သိပ်ပျော်နေတဲ့အချိန် အစ်ကို့ကိုတွေ့လိုက်ရတော့ ကျွန်တော့်အပျော်တွေက နှစ်ဆတိုးသွားသလိုပဲ။

ကလေးတစ်ယောက်လို လွတ်လပ်ပျော်ရွှင်နေခဲ့တဲ့ ကျွန်တော်ဟာ အစ်ကိုဂျောင်ဂု ဆိုင်ကယ်ပေါ်က ဆင်းဆင်းချင်းမှာပဲ သူ့ကိုရုတ်တရက် ပွေ့ဖက်လိုက်မိတယ်။ ကျွန်တော့်လုပ်ရပ်ကို နားမလည်နိုင်တဲ့ အစ်ကိုကတော့ မျက်ဝန်းအဝို်င်းသားနဲ့ အံ့ဩနေလေရဲ့။

ွ" ကျွန်တော် အခု သိပ်ပျော်နေတယ်သိလား။ ကျွန်တော် အလုပ်ရလာခဲ့ပြီ အစ်ကိုရဲ့ "

ွကျွန်တော့်ကိုယ်ကျွန်တော် ထိန်းချုပ်နိုင်စွမ်းမရှိလောက်အောင် ပျော်နေမိတာကြောင့် အစ်ကို့ကို ဖက်လိုက်ချိန်မှာတောင် လူက အငြိမ်အနေဘဲ ခုန်ပေါက်နေမိတယ်။ ဒါတောင် အစ်ကိုဂျောင်ဂုက အပြုံးမပျက်ရှာပါဘူး။

The Guest- ဧည့်သည် (KookV/ Completed)Where stories live. Discover now