Intro

2.8K 162 11
                                    

"ကိုယ်တို့ စွန့်စားမှ ဖြစ်မယ် Hyung
ဒီတိုင်း ဆက်သွားနေလည်း မိတဲ့တစ်နေ့
အသတ်ခံရမှာပဲ "

"ငယ်က ဘယ်လိုလုပ်ချင်လို့လဲ "

"တောင်ပိုင်းကို ပြေးကြမယ်
Hyung လိုက်ရဲလား ?"

"မေးနေဖို့တောင် မလိုပါဘူး
ငယ်သာ ပါရင် ကိုယ်က ကမ္ဘာတစ်ဆုံးပဲ"

"ချစ်ဖို့ကောင်းလိုက်တာ ...
Hyung သာ ကိုယ့်ကို အဆုံးထိ ယုံပေးရင်
သေနတ်တွေ ဝိုင်းနေတဲ့ နယ်ခြားမျဉ်းလည်း
ကိုယ်တို့ကို မတားမြစ်နိုင်ဘူး Hyung
ဒီလက်တွေ ပေါ်တင်တွဲခွင့်ရဖို့ ကိုယ်တို့
စွန့်စားမှ ဖြစ်လိမ့်မယ်
အသက်တွေတောင် ရင်းရဲခဲ့ရင် ကိုယ်တို့ဝေးစရာ
ဘာအကြောင်းမှ မရှိဘူး "

"အင်း ငယ့်ကို ယုံတယ်
ဒီလက်ကို စတွဲတည်းက ကိုယ့်အရာရာကို
ငယ့်စီ ပုံအပ်ထားခဲ့ပြီးသား
ဒါကို ငယ်သိမှာပါ "

လေးထောင့်ဆန်ဆန် မျက်နှာပေါ်က
နှုတ်ခမ်းပါးလေးတွေက အသည်းပုံသဏ္ဌာန်
ကွေးညွှတ်သွားပြီး ခေါင်းကို တဆတ်ဆတ်ညိတ်ကာ

"အင်း သိတာပေါ့ ချစ်တယ် Hyung" ဟု ပြောရင်း
ရှေ့က လူသားလေးကို ရင်ခွင်ထဲ မြုပ်သွားအောင်
သိမ်းဖက်ထားလိုက်သည် ...။

မြောက်ကိုရီးယားလို နိုင်ငံမှာ မွေးဖွားခဲ့ပေမယ့်
ကျွန်တော်ဟာ Hyung ကိုမှ ရွေးပြီး ချစ်မိခဲ့တယ် ..၊

ရုပ်ရှင်တောင် ကြည့်ခွင့်မရှိတဲ့ နိုင်ငံမှာ
ရိုးရိုးသားသားပဲ ရင်ခုန်မိခဲ့ပြီး
"ခင်ဗျားကို ချစ်မိနေတယ်ထင်တယ်" လို့ ဖွင့်ဟတော့

Hyungက နေရောင်ခြည်လေးလို ခပ်နွေးနွေးပြုံးပြပြီး
"ကိုယ်လည်း ငယ့်ကိုချစ်တယ်" လို့ ပြန်ဖြေခဲ့တာ ...။

အလုပ်တွေ လုပ်တယ်
ပြီးရင် အိမ်မှာ ညစာအတူစားကြပြီး
စောင်ပါးလေးအောက်မှာ တိုးဖက်ပြီး အိပ်ရင်း
လူမသိ သူမသိပဲ အများကြီး ချစ်ခဲ့ကြတယ် ...။

-------------------------------------------------------

ကျွန်တော်နဲ့ အတူနေတဲ့ ငယ်က
တစ်ရက်မှာ "ခင်ဗျားကို ချစ်မိနေပြီထင်တယ်" လို့
ဖွင့်ပြောလာတယ် ...။

နယ်နိမိတ်စည်းတွေကို ကျော်လွန်၍ (Over the Boundaries)Where stories live. Discover now