Ep - 18

219 42 17
                                    

တစ်နေ့လုံး ခန်းမကျယ်ကြီးထဲ စီစဉ်စရာရှိတာတွေ
စီစဉ်ရင်း အလုပ်တွေရှုပ်ခဲ့ရပေမယ့် ကူညီပေးတဲ့
ဝန်ထမ်းကလေးတွေဟာ အသေအချာလေ့ကျင့်ထားကြသူတွေမို့ ထင်ပါသည်။
ချက်ဆို နားခွက်က မီးတောက်တာမို့ စီစဉ်ရတာတွေမှာ
ခရီးရောက်လှသည်။ ကိုယ်တစ်ခုပြောလိုက်တာနဲ့
သူတို့က အားလုံးဖြစ်အောင် လုပ်ပေးကြပြီးသား။

တကယ်လို့ အကိုမင်ဆူးသာ ချစ်ရေးမဆိုခဲ့ရင်
ဒီကလေးတွေနဲ့တောင် ဒီပွဲကို ဖြစ်မြောက်အောင်
စီစဉ်လိုက်လို့ ရပါလျက်နဲ့ ကိုယ့်ကို ဘာကြောင့်များ
လာစီစဉ်ခိုင်းရပါလိမ့် ဟု တွေးမိမှာ သေချာပါသည်။

နာရီကို ငုံ့ကြည့်လိုက်တော့ ၄နာရီထိုးဖို့ ၁၀မိနစ်။

"ငယ်ရောက်နေပြီနဲ့တူတယ်" ဟု တွေးကာ
အပြင်ကို ခပ်မြန်မြန်ပြေးထွက်သွားလိုက်တော့
ထင်ထားတဲ့အတိုင်းပဲ ။
Hotel ရှေ့က ရေပန်းနားလေးမှာ မတ်တတ်ရပ်နေရှာသည်။

တီရှပ်အဖြူရောင်ခပ်ပွပွကို စတိုင်ဘောင်းဘီအညိုရင့်နဲ့
တွဲဝတ်ထားသော ငယ်သည် အများကြီးကြိုးစားမနေရပဲ
ဝတ်စုံပြည့်လူတွေကြားမှာ ထင်းလင်းနေသည်။
လက်တစ်ဖက်ကို ဘောင်းဘီအိတ်ထဲထည့်ထားကာ
ကျန်တစ်ဖက်က အအေးဘူးနဲ့ မုန့်လေးတွေကိုင်ထားရင်း
ဟိုဟိုဒီဒီ ငေးနေခဲ့တာ ...။

သိပ်ချစ်ဖို့ကောင်းတာပဲ ...။
အဝေးကနေ လှမ်းမြင်နေရတဲ့ အညိုလုံးလေးဟာလည်း
လူကို လှပတဲ့ခံစားမှုအသစ်တွေ ပေးနေတုန်း။
ဆံပင်ကောက်လေးတွေကို လက်နဲ့သပ်တင်လိုက်တာမျိုး၊
ဖုန်းကိုထုတ်ပြီး တစ်ခုခုနှိပ်လိုက်ပြီးရင် ခေါင်းဖွဖွခါကာ
အိတ်ထဲပြန်ထည့်ပြီးရင် ပါးလေးဖောင်းသွားတဲ့အထိ
လေပူတွေ မှုတ်ထုတ်လိုက်တာမျိုး၊
မျက်မှောင်ကုတ်သွားလိုက် ၊ ဖိနပ်နဲ့ ဟိုထိုးဒီထိုးလုပ်လိုက်၊
ရေပန်းကနေ စင်လာတဲ့ ရေစက်ကလေးတွေကို
လက်နဲ့ခံလိုက် လုပ်နေတဲ့ ပုံရိပ်လေးကို ကြည့်ကာ
ဒါဟာ ငါရှင်သန်နေတဲ့ ကမ္ဘာငယ်လေးပါပဲလား ဟု
တွေးမိလာသည်။

သူအကြာကြီးစောင့်နေရပါတယ်ပေါ့ ...၊
သူစိတ်မရှည်တော့ပါဘူး ဖုန်းဆက်ခေါ်ပါတော့မယ်ပေါ့၊
အလုပ်ပျက်မှာလည်း စိုးရိမ်ပါတယ်ပေါ့ ...၊
ကိုယ်က နောက်ကျနေလို့ သူပျင်းနေပါပြီပေါ့ ...၊
လက်ထဲက မုန့်တွေစားချင်နေပါပြီပေါ့လေ ...။

နယ်နိမိတ်စည်းတွေကို ကျော်လွန်၍ (Over the Boundaries)Where stories live. Discover now