Ep - 17 🚨

562 51 5
                                    

ငယ်က သူ့ဟာသူပြောပြီး ရှက်သွားပုံ ရပါတယ်။
ပါးပြင်လေးတွေ နီထွေးလာလိုက်တာများ သူအမြဲစားနေကျ
စတော်ဘယ်ရီလေးတွေလိုပဲ ...။

အသည်းယားလာတာနဲ့ ဝက်ဝံကလေးလို
လက်ကလေးတွေပိုက်ထားရင်း ရှက်နေတဲ့
ကမ္ဘာငယ်လေးကို အုပ်မိုးပစ်လိုက်တော့ ပါးပြင်တွေက
ပိုပြီး သွေးရောင်သမ်းသွားပြန်တယ်။

ချစ်လိုက်တာ .....။ ချစ်လိုက်ရတာလေ .....။

နှာခေါင်းထိပ်ကလေးကို ခပ်ဖွဖွကိုက်လိုက်တော့
တခစ်ခစ်ရယ်သံလေးထွက်လာပြီး လည်တိုင်တွေစီ
ဖက်တွယ်လာခဲ့တယ်။
မျက်နှာကိုတော့ အခုထိ လွှဲထားတုန်းပဲ။

"ကိုယ့်ကမ္ဘာငယ်လေးက ရှက်တာလား ... ဟင် "

"မသိဘူးဗျာ လုပ်စရာရှိတာ မြန်မြန်လုပ် "

"လောလှချည်လား အေးဆေးပေါ့ "

"ရှက် တယ် ဗျ ..."

"ဟောဗျာ "

ရင်ထဲမှာ လိပ်ပြာအုပ်ကြီး ထပျံသွားသလိုမျိုး၊
​အချစ်ဆိုတဲ့ ခံစားမှုစစ်စစ်ဟာ နှလုံးသားကနေတဆင့်
လည်ချောင်းဝအထိ ထိုးတက်လာတဲ့အခါ
မျက်ရည်တွေ ဘာတွေပါ ကျချင်လာရတယ် ...။

သိပ်ချစ်တာ ....။ သိပ်ချစ်လိုက်တာ ဆိုတဲ့ ခံစားမှုတွေ။

ပန်းငုံလေးတွေထဲမှာ သိမ်းဖွက်ထားချင်တဲ့
ဒီအလှတရားလေးတွေ ...၊
ဒီလူမှမဟုတ်ရင် မဖြစ်ပါဘူး ဆိုတဲ့ သေချာခြင်းတွေဘက်မှာ
ရာခိုင်နှုန်းတွေ ထပ်တိုးလာရစေတဲ့ ဒီအခိုက်အတန့်တွေ၊
​ထာဝရရှင်သန်ခဲ့ရခြင်းရဲ့ ဒဏ်ရာဒဏ်ချက်တွေကိုတောင်
ဒီရှက်ပြုံးလေးနဲ့တင် အားလုံးကို ချေဖျက်ပစ်လိုက်ပြီးပြီ။

လည်တိုင်တွေကို နမ်းတော့ ရင်အုပ်ကြွက်သားတွေကို
ထိခတ်လာတဲ့ လက်ချောင်းတွေဟာ အေးစက်လို့ ...။
ကမ္ဘာငယ်လေး အရှက်လွန်နေတယ်ထင်ပါရဲ့ ...။

တစ်ကိုယ်လုံးရဲ့ အလှဆုံးနေရာတွေကို အနမ်းခြွေမိတော့
ငယ့်ရဲ့ အသက်ရှူသံတွေ တဖြည်းဖြည်းမြန်လာတာကို
သတိထားလိုက်မိတယ်။
ပူးကပ်နေတဲ့ ခန္ဓာကိုယ်နှစ်ခုက အချိန်တိုအတွင်း
အသွေးအသားတွေကိုပါ ပူကျစ်လာစေခဲ့တယ်။

နယ်နိမိတ်စည်းတွေကို ကျော်လွန်၍ (Over the Boundaries)Where stories live. Discover now