မျက်လုံးဖွင့်ကြည့်လိုက်တော့ ဆေးရုံမျက်နှာကြက်ကို မတွေ့ရပဲ
မြူတွေဆိုင်းနေတဲ့ တံတားတစ်ခုပေါ်မှာ ရောက်နေခဲ့တယ်။
အတွေးတွေ၊ နှလုံးခုန်သံတွေ တစ်ခုမှမရှိပဲ ဦးနှောက်ထဲမှာ
အရာရာက ရှင်းလင်းနေပြီး နားထဲမှာ ရေစီးသံတစ်ခုပဲ
ကြားနေရတယ်။ဒါက ဘယ်နေရာလဲ ? တမလွန်လား ?
နောက်ဆုံးတော့ တကယ်ပဲ သေသွားခဲ့ပြီလား?"ဆုတောင်းတွေ မပြည့်လို့ ငယ်တော့ ငိုနေတော့မှာပဲ ..."
တမလွန်တံတားပေါ်မှာ ဦးတည်ချက်မရှိပဲ
လျှောက်လှမ်းနေခဲ့ရသည့်တိုင် စိတ်အစဉ်က ငယ့်ဆီကိုပဲ
ဦးတည်နေခဲ့တာ ...၊ဒါဟာ ကိုယ်အမျှော်လင့်ခဲ့ဆုံးသော အဆုံးသတ်၊
ကိစ္စတိုင်းရဲ့ အကျိုးအပြစ်မှန်သမျှ ကိုယ်သာ တရားခံမို့
ကိုယ်သာ မရှိတော့ရင် ငယ့်အပေါ် ဆက်နွှယ်နေသမျှ
ကျိန်စာရေစက်ဆိုးတွေ အကုန်လုံး ချုပ်ငြိမ်းသွားတော့မှာ ...။ရေစီးသံ သဲ့သဲ့ကြားနေရတဲ့ သစ်သားတံတားပေါ်မှာ
တစ်လှမ်းချင်းလျှောက်ရင်း မျက်ရည်တွေကျရင်း
ကိုယ့်ဆုံးဖြတ်ချက်အတွက် ဂုဏ်ယူရင်း
ရှေ့ဆက်သွားရမယ့် ငယ့်ဘဝလေး ပျော်ရွှင်နေဖို့ကိုသာ
စိတ်ထဲက ဆန္ဒပြုမိသည်။နောက်ဘဝတွေမှာများ ထပ်ဆုံကြရင် ပိုချစ်ကြမယ်။
ဆုတောင်းတွေအစား ကတိတွေပဲ ပေးကြမယ်။
အယူပဲရှိခဲ့တဲ့ ဆက်ဆံရေးမှာ အချစ်တွေ ပုံအောပေးခဲ့လို့
ငယ့်ကို ကျေးဇူးတင်သွားတော့မှာပါ ...။အခုလှမ်းနေတဲ့ အဆုံးမရှိခြေလှမ်းတွေဟာ
ငယ်နဲ့အဝေးကို ဦးတည်နေခဲ့တာပဲ ဖြစ်တယ်။
တစ်နည်းဆိုရရင် ငယ့်ရဲ့ နာကျင်မှုတွေ၊ ဒုက္ခသုခ္ခတွေကို
ပုခုံးပေါ်တင်ပြီး ထွက်သွားနေတာလည်း ဖြစ်တယ်။"အခုတည်းက လွမ်းနေပြီ ငယ်ရေ ...
ကိုယ်တော့ ဒုက္ခပါပဲ ..."မြောက်ကိုရီးယားက အခန်းငယ်လေးရဲ့ အဆုံးသတ်ဟာ
ဒီတံတားဖြစ်ခဲ့သလို ပန်းဆိုင်လေးထဲက အနမ်းချိုချိုတွေဟာ
ဒီခြေလှမ်းတွေမှာ ပြီးဆုံးခဲ့ပြီနဲ့ တူပါတယ်။နောက်တစ်ခါပြန်တွေ့ကြရင်လည်း ထပ်ပြောပြဦးမယ်၊
မင်းကို သိပ်ချစ်ခဲ့တဲ့အကြောင်း၊
ပြန်ဆုံကြမယ့်ရက်ကို စက္ကန့်တိုင်းမှာ
စောင့်ဆိုင်းနေခဲ့ပါတဲ့အကြောင်း ...။
YOU ARE READING
နယ်နိမိတ်စည်းတွေကို ကျော်လွန်၍ (Over the Boundaries)
Fanfiction"ကိုယ်နမ်းလို့ရမလား Seokie မင်းရဲ့ ခင်ပွန်းအနေနဲ့ တောင်းတဲ့ ပထမဆုံးအနမ်းပါ ကိုယ့်ကို လက်ထပ်မယ်မလား ?" Kim Taehyung "ဒီစိတ်ဝိဉာဉ်တွေ ရှင်သန်နေသမျှ ကာလပတ်လုံး ကိုယ်ဟာ ငယ့်အပိုင်ပါ .... သံသရာဆုံးတဲ့အထိ အတူအိုမင်းသွားချင်တဲ့ ကိုယ့်ရဲ့ ခင်ပွန်းဟာ ငယ်ပါပ...